ရေး၊ ဇန်နဝါရီ (၈)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာ၊ ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဇန်နဝါရီ ၆ ရက်နေ့ညက တိုက်မိုင်းထိပြီးသေဆုံးသွားတယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၆ နာရီလောက်မှာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦးဟာ အရက်မူးပြီးကင်းစောင့်နေစဉ် ရေးပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ အခင်းဖြစ်ရာနေရာမှာပဲသေဆုံးခဲ့ပြီး သူတို့ရဲ့ရုပ်အလောင်းကိုတော့ ခမရ(၅၈၈)တပ်ထဲ ယူဆောင်သွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ဗိုလ်ကျန်ရစ်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး မိုင်းဆွဲခံရပြီနောက် ဘုန်းကြီးကျောင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရေးအခြေစိုက် စစ်ကောင်စီခြေမြန်တပ်အရင်း ခမရ(၅၈၈)တပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မ ပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကြိုးတံတားကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ အရွယ် ဒေသခံအမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့လည်း ကြိုးတံတားဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ရေး PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.