မော်လမြိုင်၊ ဇန်နဝါရီ(၈)

အာဏာသိမ်းစစ်တပ်ဟာ မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်ကိုအသုံးပြုပြီး တိုက်ပွဲပြင်းထန်နေတဲ့ က ရင်ပြည်နယ်ထဲကို စစ်ကူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ဇန်နဝါရီ (၅)ရက်နေ့ ညနေပိုင်းကစပြီး မော်လမြိုင်လေဆိပ်ပတ်လမ်းတလျှောက်နဲ့ တောင်ဝိုင်းတောင်တက်လမ်းတွေကို ပိတ်ဆို့ပြီးနောက် လေဆိပ်ထဲမှာ စစ်ရေးဆိုင်ရာလုပ် ငန်းစဉ်တွေ ဆောင်ရွက်နေတာပါ။

စစ်ကောင်စီနဲ့နီးစပ်သူတွေအဆိုအရ မော်လမြိုင်လေဆိပ်ကိုအသုံးပြုပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေထံ စစ်ကူ၊လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ပေးနေတဲ့အစီအစဉ်ကို အရှေ့တောင်းတိုင်းစစ်ဌာ နချုပ်တိုင်းမှူးအမိန့်နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ လေယာဉ်ကွင်းအနီးရှိလမ်းတွေကို ပိတ်ဆို့ထားသလို လေဆိပ်ပတ်လည်မှာလည်း တပ်အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ထားပါတယ်။

မော်လမြိုင်လေဆိပ်အနီးနေ ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်က မော်လမြိုင်လေဆိပ်ပတ် လမ်းတွေကို ပိတ်ဆို့ပြီးနောက် တစ်ရက်ကိုစစ်ကောင်စီလေယာဉ် အနည်ဆုံး ၅ စီးထက်မနည်း အတက်အဆင်းလုပ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေဆိပ်ပတ်လမ်းတွေ ပိတ်ဆို့ထားတာကြောင့် မုဒုံဘက်ကလာတဲ့ ကျောင်းကားတွေနဲ့ အများပြည်သူသုံးယာဉ်တွေဟာ လေဆိပ်ပတ်လမ်းကို အသုံးပြုလို့မရတဲ့အတွက် လမ်းသွယ်တွေနဲ့ ဈေးကြိုလမ်းတွေကနေတဆင့် သွားလာရတာကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ မော်လမြိုင်မြို့အတွင်း လုံခြုံရေးတင်းကျပ်ထားသလို နေ့စဉ်နဲ့အမျှ အင်အားအများအပြားအသုံးပြုပြီး လှည့်လည်တာတွေ လုပ်ဆောင်နေတာပါ။

မော်လမြိုင်လေဆိပ် ပတ်လမ်းတလျှောက်တွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပေမယ့် မော်လမြိုင်-ရန်ကုန်လေကြောင်းခရီးစဉ်ကိုတော့ အပတ်စဉ်တနင်္လာနဲ့ သောကြာနေ့တိုင်း ပုံမှန်ပြေးဆွဲနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.