ဘေကျင်း၊ ဇန်နဝါရီ (၈)

တရုတ်ကုမ္ပဏီ CanSino Biologics က သူတို့ရဲ့ ကိုဗစ် – ၁၉ mRNA အားမြှင့်ကာကွယ်ဆေးအတွက် စမ်းသပ်ထုတ်လုပ်တဲ့အဆင့်ကိုစတင်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ လူမှုမီဒီယာအကောင့်မှာ ဇန်နဝါရီ ၅ ရက်နှောင်းပိုင်းက ဖော်ပြခဲ့ပါတယ်။

CS-2034 လို့သိကြတဲ့ အဲဒီကာကွယ်ဆေးဟာ ပြီးခဲ့တဲ့လက‌နေ စတင်ပြီး တင်းကျပ်တဲ့ ကိုဗစ် – ၁၉ ကန့်သတ်ထိန်း ချုပ်မှုတွေကို စတင်ဖျက်သိမ်းလိုက်ချိန်မှစကာ တရုတ်နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကူးစက်မှုအများစုကို ဖြစ်စေခဲ့တဲ့ အိုမီခရွန် မျိုးကွဲအသစ်တွေကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။

အခုအချိန်အထိ တရုတ်နိုင်ငံမှာ အသုံးပြုဖို့ အတည်ပြုထားတဲ့ ပြည်တွင်းဖြစ် ကိုဗစ် – ၁၉ ကာကွယ်ဆေး (၉) မျိုးကို မှီခိုအားထားနေရပေမယ့်လည်း အဲဒီဆေးတွေဟာ လက်ရှိမှာ ကူးစက်နိုင်တဲ့ အိုမီခရွန်မျိုးကွဲနဲ့ သူ့ရဲ့မျိုးကွဲအသစ်တွေကို တိုက်ဖျက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။

အဲဒီအားမြှင့်ဆေးကို Pfizer-BioNTech နဲ့ Moderna တို့ရဲ့ကနေ ထုတ်လုပ်တဲ့ နိုင်ငံတကာကာကွယ်ဆေးတွေမှာ အသုံးပြုတဲ့ mRNA နည်းပညာကို အခြေခံထားပြီး တရုတ်နိုင်ငံရဲ့ အလားအလာရှိတဲ့ ပထမဆုံး ပြည်တွင်းဖြစ်ကာကွယ်ဆေးတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ CanSino ကုမ္ပဏီက ဟောင်ကောင်စတော့အိတ်ချိန်းကို တင်သွင်းတဲ့ အလယ်အလတ်အဆင့် လက်တွေ့စမ်းသပ်မှုတစ်ခုထဲမှာ “အပြုသဘောဆောင်တဲ့” ကြားဖြတ်ဒေတာကိုလည်း အစီရင်ခံတင်ပြထားပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ အဲဒီ mRNA ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ ပထမအဆင့်မှာတင် ဆေးပမာဏ သန်း (၁၀၀) ထုတ်လုပ်နိုင်တယ်လို့လည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.