ဂျကာတာ – ဇန်နဝါရီ(၇) အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက လာမယ့် ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အစိုးရအဖွဲ့ကို နောက်ဆုံး အကြိမ် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စောင့်ကြည့်နေပြီး လာမယ့် ရက်ပိုင်း အတွင်း အပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး သတင်းရင်းမြစ်တချို့က ဆိုနေကြပါ တယ်။
အာဏာရ ညွန့်ပေါင်းပါတီ (၇) ပါတီထဲက တစ်ခုဖြစ်တဲ့ နတ်စ်ဒန်ဟာ လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း အန်နီဘက်စ်ဝီဒန်ကို ပြန်လည်ပေးအပ်မယ် လို့ ကြေညာခဲ့ပြီးနောက် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ တိုးပွားလာတာပါ။
သမ္မတရဲ့ အင်ဒိုနီးရှား ဒီမိုကရက်တစ်ပါတီ(PDIP) မှ အဖွဲ့ဝင်တွေဟာ အစိုးရအဖွဲ့အတွင်းက နတ်စ်ဒန် အဖွဲ့ဝင်တွေကို ထုတ်ပယ်ဖို့ တောင်းဆိုထားကြတယ်လို့ သိရပါတယ်။ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး သမ္မတဂျိုကိုဝီဒိုဒိုက လာမယ့် ရက်ပိုင်း အတွင်း ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေကို အသေးစိတ်မရှင်းပြဘဲ ပြောခဲ့ပါတယ်။
သမ္မတရဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ အစိုးရ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဂျိုကိုဝီဟာ သူ့ရဲ့ နောက်ဆုံး သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ မှာ လုပ်ဆောင်ဖို့ ကျန်နေတဲ့ ပရိုဂရမ်တွေနဲ့ ပရောဂျက်တွေကို အပြီးသတ်ဖို့ အဓိက ကက်ဘိနက် အစည်းအဝေးကျင်းပဖို့ လုပ်ဆောင်နေတာ ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ ဝန်ကြီးတွေကို သမ္မတရဲ့ တိုက်ရိုက် အမိန့်နဲ့ ထုတ်ပယ်ဖို့ ရှိနေတဘ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်ဆိုင်ရာ ကြီးကြပ်ရေး ဝန်ကြီး ၊နိုင်ငံတော်ပိုင် စီးပွားရေး ဝန်ကြီး နဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ကတော့ အစိုးရအဖွဲ့ထဲမှာ ဆက်ရှိနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ တော့မရှိခဲ့ပါဘူး။ လက်ရှိအစိုးရအဖွဲ့မှာတော့ နတ်စ်ဒန် ပါတီဝင် သုံးဦးဟာ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ဦးဆောင်နေတာဖြစ်ပါတယ်။
နတ်စ်ဒန်ပါတီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆမ်မက်စတိုဘာက သူ့ရဲ့ ပါတီဟာ အာဏာရ ညွန့်ပေါင်း အဖွဲ့ဝင်အဖြစ် ကျန်နေသေးပေမယ့် ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်း ဘက်စ် ဝီဒန်ကို ထောက်ခံပိုင်ခွင့်ရှိတယ်လို့ ဆိုပါသေးတယ်။
“တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ သူ့ရဲ့ အုပ်ချုပ်ရေးကို အပြည့်အဝထောက်ခံနေဆဲပါ” လို့ သူက ရိုက်တာသို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ သမ္မတက သူ့ရဲ့ နေရာကို ဆက်ခံမယ့်သူကို လူသိရှင်ကြား ကြေညာထားတာမရှိ ပေမယ့် စစ်တမ်းတွေအရ လူကြိုက်အများဆုံး ကိုယ်စားလှယ်လောင်းတွေအဖြစ် Central Java အုပ်ချုပ်ရေးမှူးနဲ့ PDIP အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref:CNA