မြန်မာနိုင်ငံရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့အတွက် နိုင်ငံတဝန်းက နယ်မြေဒေသတချို့မှာ လူဦးရေ စာရင်းကောက်ယူတာနဲ့ မဲစာရင်း ပြုစုရေးတွေ လုပ်ဆောင်နေပါတယ်။ တဖက် မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ထပ်ပြီး ကတိပေးလာတာဖြစ်ပါတယ်။
အဲဒါကြောင့် စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီရွေးကောက်ပွဲမှာ မဲစာရင်း မှန်ကန်မှု ရှိလာနိုင်မလား။ တိုင်းပြည်မတည်ငြိမ်နေတဲ့အချိန်မှာ PRစနစ်နဲ့ ကျင်းပမယ့် စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရွေးကောက်ပွဲ လေ့လာစောင့် ကြည့်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့အချိန်မှာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲ အ ပေါ် ဘယ်လိုမြင်ပါသလဲ။
ရွေးကောက်ပွဲဥပဒေမှာက မြို့နယ်၃၃၀ကို အခြေခံပြီးတော့ နောက်တော့ ရွေးကောက်ပွဲကျင်းပရမယ်ဆိုပြီး တော့ ဒါကမြို့နယ်ကို အခြေခံထားတာပေါ့။ ဒါပေမယ့် ဘယ်နှစ်မြို့နယ်ကျင်းပရင် ရွေးကောက်ပွဲဖြစ်တယ် မဖြစ်ဘူးဆိုတာမပါဘူးခင်ဗျ။ လက်ရှိ EAO တွေကလည်း လက်မခံဘူး။ စစ်ကိုင်းတိုင်းဆိုရင် ရွေးကောက်ပွဲ ကျင်းပလို့ မရတဲ့အခြေအနေတွေအများကြီးရှိတယ်။ သူကအကုန်လုံး ကျင်းပမယ်ဆိုတာ လက်ရှိကတော့ ခြုံငုံပြီးပြောလိုက်တာ တကယ်တမ်းကျတော့ သူကျင်းပလို့ရတဲ့ နေရာပဲ ကျင်းပမှာလို့ ကျွန်တော်ထင်တာ။ ဘယ်လောက်ကျင်းပမယ်ဆိုတာ မပါတဲ့အခါကျတော့ စကစ နယ်မြေစိုးမိုးထားတဲ့ နေရာ၊ တိုင်းဒေသကြီး ရန်ကုန်တို့ ပဲခူးတို့ပေါ့။ သူကျင်းပလို့ရမယ့်နေရာတွေပဲ ကျင်းပမယ်လို့ ကျွန်တော်ထင်တယ်။
-စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မြေပြင်မှာ လူဦးစာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
အဲဒါကျတော့ လက်ရှိက စကားလုံးအနေနဲ့ လှအောင် ပြောနေတာပေါ့။ တကယ်တမ်းကျတော့ ကျွန်တော်တို့က ၂၀၁၀ ရွေးကောက်ပွဲလုပ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲလုပ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲလုပ်တယ်။ တစ်အိမ် တက် တစ်အိမ်ဆင်း ကောက်မယ်ဆိုပြီးတော့ အရင်တုန်းကလည်း ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့တယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လက်ရှိက ဘယ်သူ့ကို အခြေခံလဲဆိုတော့ ၆၆/က ကိုပဲ အခြေခံပြီးတော့ အိမ်ထောင်စု ဇယားကိုပဲ အခြေခံပြီး မဲစာရင်းတွေ ပြုစုတယ်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀မှာ ရပ်/ကျေးစာရေးတွေကပဲ ပြုစုတယ်။ ရပ်/ကျေးစာရေးက တင်ပြီးတော့မှ အဲ့ဒါကို လဝကစာရင်းနဲ့ တိုက်ပြီး ကျွန်တော်တို့က မဲစာရင်းလုပ်တယ်။ အခု လက်ရှိ စကစက တအိမ်တက်ဆင်း ဆင်းပြီးပြီဆိုတော့ ဘယ်နေရာတွေ ဆင်းပြီး သွားတာလဲ။ တကယ် ဘယ်နေရာမှ မဆင်းခဲ့ပါဘူး။ မြေပြင်ဆင်းဖို့ ရပ်ကွက်ရုံးက ပေးတဲ့ဟာကို ကွန်ပြူတာထဲမှာ ထည့်ပြီးတော့မှ ရိုက်မယ် ရှိတဲ့ အခုဆိုရင် ရပ်ကွက်တွေမှာ အိမ်ထောင်စုဇယားတွေကို ယာယီပြန်လုပ်တာရှိတယ်။ နုတ်တာ တွေ၊ ပယ်တာတေ၊ွ ဖြုတ်တာတွေ ဒါတွေပြန်လုပ်ပြီးတော့ အဲ့ဒီစာရင်းနဲ့ သူတို့လုပ်တာ တစ်အိမ်တက်ဆင်း ကောက်တယ်ဆိုတာက လက်ရှိကျွန်တော်တို့ နိုင်ငံအခြေအနေနဲ့ မဖြစ်နိုင်ဘူးပေါ့။ ပြောရင် စကားလုံးအနေနဲ့ အုပ်ချုပ်တဲ့အဖွဲ့တွေရော၊ ကော်မရှင်အဖွဲ့အစည်းတွေရော ပြောခဲ့တာ တကယ်တမ်းကျတော့ ကျွန်တော်တို့ နိုင်ငံမှာ တစ်အိမ်တက်ဆင်း ကောက်မယ်ဆို မဖြစ်နိုင်ဘူး။
-အခုနောက်ပိုင်း ရန်ကုန်လို နေရာမျိုးတွေမှာ စကစ က မဲစာရင်းကောက်ယူဖို့ဆိုပြီး ပရဟိတအသင်းတချို့က သက်ကြီးပိုင်တွေကို ခေါ်ယူနေတာ တွေ့ရတယ်ဆိုတော့ မဲစာရင်း မှန်ကန်မှု ရှိလာနိုင်မလား၊ ဘယ်လိုမြင် ပါသလဲ။
မဲစာရင်းပြုစုမယ်ဆို တကယ်တမ်းကျွန်တော်တို့က ထွေအုပ်ပါရမယ်။ လဝက ပါရမယ်။ စာရင်းတွေ တိုက်စစ် ရမယ်။ ပရဟိတအသင်းတွေ စေတနာ့ဝန်ထမ်းတွေ ခေါ်ပြီးတော့ တစ်အိမ်တက်ဆင်းနိုင်မယ်ဆို ဒါပေမယ့် ကျွန်တော်တို့ ဒီအခြေအနေနဲ့ ကျွန်တော်တို့ နိုင်ငံလုံးဝမဖြစ်ဘူး။ မဲစာရင်းဆိုတာက ကျွန်တော်တို့က ရွေး ကောက်ပွဲပြီးသွားပြီး ရွေးကောက်ပွဲ ၅နှစ်တစ်ကြိမ်မှာ ရွေးကောက်ပွဲပြီးသွားပြီဆို ပြီးသွားတဲ့နှစ်ကနေစပြီး အဲဒီ မဲစာရင်းကို သေချာပြုစုရတယ်။ တစ်အိမ်တက်ဆင်းကောက်ဖို့ဆိုတာ ဘတ်ဂျတ်တွေက အများကြီး ဘယ်သူမှ စေတနာ့ဝန်ထမ်း မလိုက်ပေးနိုင်ဘူး။ အဆင်ပြေအောင် တစ်ရပ်ကွက်လောက်ဆင်းပြီးတော့ တစ်အိမ်တက် ဆင်း မဲစာရင်းကောက်ပြီးပါပြီ။ အပေါ်ကခေါင်းဆောင်ပိုင်းတွေ ပြောသလောက်ပဲ ကျွန်တော်တို့က ဒါကိုပဲ ပြော နေကြတယ်။ တကယ်တမ်း တစ်အိမ်တက်ဆင်းဆိုတာက ကျွန်တော်တို့ နိုင်ငံအခြေအနေနဲ့လည်း မဖြစ်နိုင်ဘူး။ နယ်မြေအနေအထားအရရော၊ သွားလမ်းလာလမ်းခရီးကရော၊ လမ်းပန်းဆက်သွယ်ရေးကရော၊ ခုနက လုံခြုံ ရေးအရရော ရန်ကုန်ဆိုတာက မြို့ပြဆိုတော့ မြို့ပေါ်မှာရှိတဲ့ တိုက်ခန်းတွေတော့ သွားလို့ရတာပေါ့။ ရန်ကုန် လှိုင်သာယာမှာလို လူဦးရေ ၁၂သိန်းလောက် ရှိတဲ့နေရာမှာ တစ်အိမ်တက်ဆင်းလုပ်တယ်ဆိုတော့ ဒါလူတိုင်း ဆီက အသံထွက်လာမှာလေ။ သူတို့တစ်အိမ်တက်ဆင်း မကောက်ဘဲ ရန်ကုန်မြို့လိုနေရာကို တစ်အိမ်တက် ဆင်း သွားကောက်ပြီးပါပြီဆိုတာ ဒါကတော့ အဖြစ်ပြောလိုက်တာ။
-နောက်ပြီး စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောနေပေမယ့် လက်ရှိအချိန်အထိ ရပ်/ကျေး ရွေးကော်ခွဲတွေဖွဲ့လာတာ မရှိသေးဘူး။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ပါသလဲ။
အခုလက်ရှိ စကစအနေနဲ့ ကျွန်တော်တို့ ဒီဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာထိန်းတာပဲဖြစ်ဖြစ်၊ အာဏာ သိမ်းတာပဲဖြစ်ဖြစ် ပြောတာ သက်တမ်းပြည့်ပြီပေါ့။ သက်တမ်းပြည့်ပြီဆိုတော့ အမျိုးသားလုံခြုံရေးကောင်စီကို ပြန်ပြီး တာဝန်ပြန်လွှဲပေးရမယ်။ လုံခြုံရေးကောင်စီရဲ့ ပါဝါအရှိဆုံးကတော့ သမ္မတပေါ့နော်။ သမ္မတကနေပြီး တော့မှ ပြန်ပြီးလုပ်ရမယ်ဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲတစ်ခုမှာ အရေးကြီးဆုံးပဲ။ ရွေးကောက်ပွဲကော်မရှင်က သမာသမတ်ကျပြီးတော့ ကြားနေတဲ့သူတွေ ဖြစ်ရမှာပေါ့နော်။ ရပ်/ကျေးကော်မရှင် ကလည်း ကျွန်တော်တို့က စိစစ်တဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အားနည်းချက်က ရပ်/ကျေးကော်မရှင်ဖွဲ့တဲ့ အခါမှာ စိစစ်မှုနည်းတယ်။ ရပ်/ကျေးကော်မရှင် ဖွဲ့တဲ့အခါ ရပ်/ကျေးကော်မရှင်က မဲစာရင်းပြုစုရတာ မဟုတ် ဘူး။ အဓိကက မဲစာရင်းကို ဘယ်သူကပြုစုရလဲဆိုတော့ ထွေအုပ်နဲ့ လဝက ကပဲအဓိကလုပ်ရတယ်။ ဒါပေမယ့် အခု မဲစာရင်းပြုစုတယ်ဆိုတာ လက်ရှိစစ်ကောင်စီက သူတို့ကို ကွန်ပြူတာထဲရိုက်ထည့်တဲ့ ပုံစံလေးတွေ ပြပြီး တော့ နဂိုစာရင်းတွေနဲ့ပဲ သူတို့က မဲစာရင်းအသစ် ပြုစုထားတယ်ဆိုပြီး ရွေးကောက်ပွဲ ၂၀၁၀ ကနေ အခုချိန် အထိပဲ ။ မဲစာရင်းကို ပထမလိုပဲ အခြေခံပြီး ပြုစုသွားတာ။ အဲဒီတော့ တစ်အိမ်တက်ဆင်း ဆင်းတယ်။ နောက် ပြီးတော့ ကော်မရှင်အဖွဲ့အစည်းတွေကလည်း ရပ်/ကျေးကော်မရှင်တွေ ဖွဲ့စည်းပြီဆိုရင် ရပ်ကွက်မှာ တကယ့် ကို သမာသမတ်ကျတဲ့သူတွေကို ခန့်ရမယ်။ ကျွန်တော်တို့ တိုင်းပြည်အခြေအနေ ခက်ခဲချိန်မှာတော့ ဒါတွေကို သူတို့က ဖေဖော်ဝါရီ၁ရက်နေ့ကစပြီးတော့ ရွေးကောက်ပွဲကျင်းပမယ်။ ဘယ်တော့ ရွေးကောက်ပွဲကျင်းပမယ် ဆိုတာ အဲဒီကြားထဲမှာတော့ သူတို့လှုပ်ရှားမှုကို ကြည့်ရမယ်ပေါ့။
-အာဏာသိမ်းစစ်ကောင်စီက လာမယ့်ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးသွားမယ်လို့ ပြောလာတာ တွေ့ရ တယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
အခုက PR စနစ်နဲ့ နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ ကော်မရှင်ပဲဖြစ်ဖြစ် ဥပဒေကို သေသေချာချာသိရမှာပေါ့။ PR စနစ်ဆိုတာက စနစ်တစ်ခုကို ကျင့်သုံးဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသွားရတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာက PR စနစ်ထည့်သွင်းထားလား။ အခုက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဥပဒေပြုစုရေးဆိုတဲ့ သုံးခုကနေ အတည်ပြုထားတယ်ဆိုရင် PR စနစ်ကျင်းပလို့ရတယ်။ အခုက PR စနစ်ကို ကျင့်သုံးလို့မရလို့ လွှတ်တော်မှာတောင်မှ အဆိုတွေ ဆွေးနွေးပြီး PR စနစ် ကျင့်သုံးလို့ မရဘူးဆိုပြီး တော့ အရင်၂၀၁၀ ကတည်းက ဆွေးနွေးထားတဲ့ အဆိုပြုချက်တွေရှိတယ်။ အခုချိန်မှာ စကစ ကနေပြီး PR စနစ်ကျင့်သုံးမယ်ဆိုတော့ သူကိုယ်တိုင်က ဖွဲ့စည်းပုံအခြေခံကို ကောင်းကောင်းနားမလည်တာ။ နားမလည်ပဲ PR စနစ်ကျင့်သုံးမယ်။ အဲဒါဆိုတော့ ကျန်တဲ့ပါတီကလည်း တကယ်ဥပဒေကို နားမလည်ဘူး။ သူလုပ်ချင်တဲ့ PR စနစ်တကယ်တမ်းကျတော့ PR စနစ်ကျင့်သုံးမယ့် ရွေးကောက်ပွဲစနစ်ဆိုတာက ရွေးကောက်ပွဲကော်မရှင်က ဘာလုပ်လို့ ရလဲဆိုရင် နည်းဥပဒေပြဌာန်းလို့ပဲရတယ်။ ဥပဒေပြဌာန်းဖို့ကျတော့ ဥပဒေပြုတဲ့လူတွေပဲ လွှတ်တော်ကပဲ ဥပဒေပြုလို့ရတယ်။ အခု ကော်မရှင်က PR စနစ်ကျင့်သုံးမယ်ဆိုတော့ ကော်မရှင်က လွှတ် တော်လား၊ ဥပဒေပြုတဲ့အဖွဲ့လား။ အဲဒါတွေက မှားနေပြီ။ အလွဲမှားကြီး ဖြစ်နေပြီ။ သူတို့ပြောချင်တာ ပြောနေ တဲ့ အဆင့်ရောက်နေပြီ။
-PR စနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ကောင်စီဘက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် လာနိုင်လား။ ဘယ်လို မြင်ပါသလဲ။
အခုသူကအဲဒါကို ကြိုးစားနေတာ။ ပြီးခဲ့တုန်းကတော့ EAO တွေကိုခေါ်တယ်။ အခုက လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေခေါ်တယ်။ ခေါ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုတာ လက်ရှိမှာတော့ သူကအာဏာ ထိန်းထားတဲ့အတွက် ဥပဒေကို ပြုလို့ပြင်လို့မရဘူး။ ရှိပြီးသား ဥပဒေကိုပဲလုပ်ရမှာ။ အုပ်ချုပ်ရေး၊ တရားစီရင် ရေး၊ ဥပဒေပြုရေးက သူ့လက်ထဲမှာ ဖြစ်တဲ့အတွက် သူလုပ်ချင်သလို လုပ်တဲ့ပုံစံဖြစ်နေတယ်။ တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မယ်ဆိုရင်တော့ ခုနကလို မဲဆန္ဒခံယူရမယ်။ ပုဒ်မ(၄၃၆)အရလည်း မဲဆန္ဒခံယူ ရမယ်။ အဲဒါတွေလုပ်ပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်လို့ရမယ်။ သူတို့ကိုယ်တိုင် ရေးဆွဲပြီး သူတို့ကိုယ် တိုင် ပြင်လို့မရအောင် ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင်ပဲ မသိနားမလည်လို့ ပြန်ချိုးဖောက်နေတာ လေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုတာက အခုလက်ရှိ အခြေအနေက ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ သွားရမှာ။ သူတို့ကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆုပ်ကိုင်ထားတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းပဲသွားရမှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့မဟုတ်တာလုပ်လည်း ချိုးဖောက်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီတယ်ဆိုပြီး ပါးစပ်ကပဲပြောနေတာ။ တကယ်တမ်းက သူတို့အကုန်ချိုးဖောက်နေတာ။
-နောက်ဆုံးအနေနဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲဟာ ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
လက်ရှိကတော့ သူတို့က ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် သူတို့ရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့တော့ ရွေး ကောက် ပွဲကျင်းပမယ်။ မနေ့ကလည်း လွတ်လတ်ရေးနေ့မှာ သူကပြောတယ်။ ရွေးကောက်ပွဲကျင်းပပြီး ရတဲ့ပါတီကို အနိုင်ပေးမယ်ပေါ့။ အာဏာပြန်လွှဲမယ်ဆိုပြီးတော့ သူကပြောခဲ့တယ်မိန့်ခွန်းမှာ။ ဒါဆို ရွေးကောက်ပွဲ ကျင်းပ မယ်ဆိုတာထား အတိုက်အခံပါတီ NLDပါတီကိုလည်း ဖျက်သိမ်းထားတာ မရှိဘူး။ NLDပါတီလည်း လွတ်လပ်စွာ ဝင်ရောက်ခွင့်ရှိရမယ်။ ဝင်ရောက်ရွေးချယ်ခွင့် ပေးထားမယ်ဆိုရင် အခုNLDပါတီနဲ့ ပက်သက်တဲ့ အကုန်လုံးကို လွှတ်ပေးရမယ်။ လွှတ်ပေးပြီးမှ လွတ်လွတ်လပ်လပ် ဝင်ရောက်ရွေးချယ်ရမယ်။ အခုက သူက NLDပါတီလည်း မဖျက်သိမ်းရဲဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲလည်း ကျင်းပမယ်ဆိုတော့ ငါတို့လူနဲ့ပဲ ငါတို့လုပ်မယ် ပေါ့။ အခုကလည်း ကျွန်တော်ပြောတာက နိုင်ငံရေးပါတီတွေဆိုတာက ပါတီတွေက ဥပဒေကို ကျွမ်းနေရမယ်။ နိုင်ငံရေးပါတီတစ်ခု ထောင်ပြီဆိုရင်ရော ဥပဒေကိုကျွမ်းနေရမယ်။ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို သိရမယ်။ အခုနိုင်ငံရေးပါတီတွေကလည်း ဥပဒေကို ဘာမှမသိသလို မသိချင်ယောင် ဆောင်သလိုလိုနဲ့ လက်ရှိက ဥပ ဒေကို နိုင်ငံရေးပါတီအတော်များများလည်း ချိုးဖောက်နေတယ်။ အခု ဒီရွေးကောက်ပွဲက အမှန်တကယ်က ဥပဒေနဲ့ လုံးလုံးမညီဘူး။ ဒါပေမယ့် မဖြစ်မနေ ကျင်းပမယ်ဆိုရင်တော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ် စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဆိုတဲ့အရတော့ NLDပါတီက နိုင်ငံရေးခေါင်းဆောင်တွေ လွှတ်ပေးပြီးတော့ ပါတီက ဝင်ရွေးရမှာပေါ့။ သူတို့ပြောတဲ့ PRစနစ်မရဘူး။ ကျင့်သုံးမယ်ဆိုရင်လည်း NLDပါတီဝင်ရောက်ယှဉ်ပြိုင်ခွင့် ပါတီခေါင်းဆောင်တွေ အားလုံးက လွှတ်ပေးရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲက လက်ခံ လို့တဲ့ ရွေးကောက်ပွဲပေါ့။ အခုက သူတို့က အသည်းအသန်ကျင်းပမယ်။ ရတဲ့ ဒေသတွေမှာပဲ ငါတို့အစိုးရဖွဲ့ မယ်ဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ ဒီရွေးကောက်ပွဲက လက်ခံလို့ လုံးဝမရတဲ့ ရွေးကောက်ပွဲ ဖြစ်နေတယ်။