ဘန်ကောက် – ဇန်နဝါရီ(၅)
ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာက အစိုးရအိမ်တော်မှာ စီးပွားရေးဆိုင်ရာ အေဂျင်စီ (၄) ခုနဲ့ အတူ ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်နဲ့ ဆွေးနွေးမယ့် အေဂျင်စီတွေဟာ ဘဏ္ဍာရေးဝန်ကြီးဌာန၊ထိုင်းနိုင်ငံဗဟိုဘဏ်၊ အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၊ ဘတ်ဂျက်ဗျူရိုတို့ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ဘတ်ဂျက်ဗျူရို ဒါရိုက်တာက ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေး ဟာ လာမယ့်ဇန်နဝါရီလ (၁၀) ရက်နေ့ မှာကျင်းပမယ့် အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြု ဖို့ ရှိတဲ့ မူကြမ်းရဲ့ အသေးစိတ်အချက်အလက်တွေ အချောသတ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမူကြမ်းအတည်ပြုပြီးချိန်မှာ ဘတ်ဂျက်ဗျူရိုက လာမယ့်မေလလည်မှာ အစိုးရအဖွဲ့ကို ၂၀၂၄ ဘတ်ဂျက်အသေးစိတ်ကို အစီရင်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်အထိ ဖျက်သိမ်းမှာမဟုတ် ဘူးလို့ ဘတ်ဂျက်ဗျူရိုဒါရိုက်တာက ပြောခဲ့ပါတယ်။
ဘတ်ငွေ (၃.၃၅) ထရီလီယမ် ပါဝင်တဲ့ ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၂၇) ရက်နေ့က ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အတည်ပြု ထားပြီး (၃.၁၉) ထရီလီယမ်ရှိတဲ့ အရင် ဘတ်ဂျက်တွေထက် (၁၆၅) ဘီလျံ ပိုများပြီး ဘတ်ဂျက် လိုငွေ (၅၉၃) ဘီလျံအထိရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်တည့်မတ်လာတာ၊ ပြည်သူစားသုံးကုန်လုပ်ငန်းတွေ မြင့်တက်တာနဲ့ ခရီးသွားကဏ္ဍ ပြန်လည်မြင့်တက်လာတာစတဲ့ အခြေအနေတွေကြောင့် ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံ GDP ရဲ့ ငွေကြေးဖောင်းပွမှု (၁) ရာခိုင်နှုန်းကနေ (၂) ရာခိုင်နှုန်းနဲ့အတူ (၃.၃) ရာခိုင်နှုန်းမှ (၄.၃) ရာခိုင်နှုန်းအထိ ချဲ့ထွင်နိုင်ချေရှိတယ်လို့ ထိုင်းနိုင်ငံ ဘတ်ဂျက်ဗျူရိုက ခန့်မှန်းထားပါတယ်။
Ref:Nationathailand