ဆိုးလ် – ဒီဇင်ဘာ(၃၁) 

မြောက်ကိုရီးယားရဲ့ မောင်းသူမဲ့လေယာဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံပိုင်နက်ထဲကို ပျံသန်းခဲ့ ပြီး (၃) ရက်အကြာမှာ မြောက်ပိုင်းရဲ့ ရန်စမှုတွေကို တုံ့ပြန်ဖို့ တောင်ကိုရီးယားစစ်တပ်ဟာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ကိုရီးယားမောင်းသူမဲ့ လေယာဉ်ငါးစင်းဟာ တောင်ကိုရီးယားပိုင်နက် ထဲဝင်ရောက်လာပြီး တောင်ကိုရီးယားစစ်တပ်ပစ်မချမှီမှာ ရေဒါတွေထဲက ပျောက်ကွယ်သွားခဲ့ တာပါ။ 

ဒီဖြစ်စဉ်ကြောင့် တောင်ကိုရီးယားပြည်သူတွေရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံနေရပြီး စစ်တပ်က လူသိရှင်ကြား တောင်းပန်ထားရပါတယ်။ 

စစ်တပ်ရဲ့ လေ့ကျင့်မှုတွေမှာ မြေပြင်အခြေစိုက် ဝေဟင်ပစ်လက်နက်တွေ၊ ရန်သူ ဒရုန်းတွေ ဖြစ်ပါဝင်တဲ့ ဒရုန်းတွေနဲ့ စုစုပေါင်း တိုက်လေယာဉ်အစင်း (၂၀) တိုက်ခိုက်ရေးရဟတ်ယာဉ် တွေနဲ့ အကြီးစား စစ်လက်နက်ပစ္စည်းတွေပါဝင်တယ်လို့ သိရပါတယ်။ 

အခုလေ့ကျင့်မှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း နိုင်ငံရဲ့ ပထမဆုံး ဒရုန်းဆန့်ကျင်ရေး လေ့ကျင့်မှု ဖြစ်တယ်ပြီး အမှန်တကယ် ပစ်ခတ်တာတွေတော့ လုပ်ဆောင်ခဲ့တာမရှိဘူးလို့ စစ်တပ်အာဏာ ပိုင်တွေက ဆိုထားပါတယ်။ 

တောင်ကိုရီးယား သမ္မတကလည်း မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တင်းတင်းမာမာ လုပ်ဆောင်ဖို့နဲ့ လေကြောင်းကာကွယ်မှုကို ပိုပြီး အားကောင်းအောင်တည်ဆောက်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၉) ရက်နေ့က ပြောခဲ့ပါတယ်။ 

“သူတို့မှာ နျူကလီးယား ဒါမှမဟုတ် ကြီးကြီးမားမား ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်တွေ ရှိပါစေ၊ ထပ်ခါတလဲလဲ ရန်စသူတွေကို ပြတ်သားတဲ့ သတင်းစကားပါးရပါမယ်။ သူတို့ရဲ့ နျူကလီးယား ကို ကြောက်ရွံ့နေမှာမဟုတ်သလို ငါတို့လည်း တုံ့ဆိုင်းမနေသင့်ဘူး၊ ငြိမ်းချမ်းရေးကို ရဖို့ဆိုရင် တခဲနက်အနိုင်ရနိုင်တဲ့ စစ်ပွဲအတွက် ပြင်ဆင်ရမယ်”  တောင်ကိုရီးယား သမ္မတ ယွန်က ပြောခဲ့ ပါတယ်။ 

ဆိုးလ်မြို့အရှိက စစ်ရေးလေ့ကျင့်မှုမှာ ရန်သူ့ဒရုန်းငယ်တွေနဲ့ နယ်ခြားကျူးကျော် ဝင်ရောက်မှု မြင်ကွင်းတွေကို စုစည်းထားပြီး တောင်ကိုရီးယားစစ်တပ်က ရှာဖွေပုံ၊ ခြေရာခံပစ်ချနိုင်ပုံတွေကို လေ့ကျင့်ခဲ့တယ်လို့ ပူးတွဲစစ်ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ ဒရုန်းပျံသန်းမှုတွေဟာ သူတို့ရဲ့ စံချိန်တင် ဒုံးကျည်စမ်းသပ်မှု အရေ အတွက်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ပိတ်ဆို့ အရေးယူမှု တွေကို ဖိအားပေးဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထား ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.