မော်လမြိုင် – ဒီဇင်ဘာ(၃၀)

ဉာဏ်လင်းသစ် သုတေသနအဖွဲ့က စစ်ကောင်စီနဲ့ သူတို့ကျောထောက်နောက်ခံပေးထားတဲ့ အမျိုးသားရေး အစွန်းရောက်တွေရဲ့အကြောင်းကို လူမျိုးရေး၊ဘာသာရေး အစွန်းရောက်မှုတို့၏ ကောက်ကြောင်းများ ဆိုတဲ့ စာတမ်းထုတ်ဝေထားပါတယ်။

ဒီစာတန်းမှာ အမျိုးသားရေးအစွန်းရောက် အင်အားစုတွေရဲ့ ဝါဒဖြန့်ချီမှုပုံစံတွေ၊ အမျိုးသား ရေး အစွန်းရောက်အင်အားစုတွေရဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ လက်တွေ့ပါဝင် လုပ်ဆောင်နေမှုတွေ၊ စစ်ကောင်စီနဲ့ အမျိုးသားရေးအစွန်းရောက်တို့ရဲ့ ဝိရောဓိတွေ ဆိုတဲ့ အချက်တွေ အပါအဝင် အချက်(၈) ချက်ကို အဓိကထားဖော်ပြထားတာပါ။

အမျိုးသားရေးနဲ့ ဘာသာရေးအစွန်းရောက်တွေဟာ တခြားလူမျိုးစုတွေနဲ့ ဘာသာဝင်တွေ ကြောင့် ဗုဒ္ဓဘာသာပျက်စီးနေသယောင် ဗမာလူမျိုးပျောက်ကွယ်နိုင်သယောင် သတင်းမှား တွေကို ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန်ချီနေတာကို တွေ့ရှိထားရတယ်လို့ စာတန်းမှာ ဖော်ပြထား ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တဲ့ လူထုကို အာရုံလွှဲဖို့ အတွက် လူမျိုးရေး ဘာသာရေး ဝါဒဖြန့်ချီရေးတွေကို ခေတ်အဆက်ဆက် လုပ်ဆောင်နေတာဖြစ်တယ် လို့ဆိုထားပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ ဗုဒ္ဓဘာသာ ဗမာလူမျိုးစုနဲ့ မြန်မာနိုင်ငံကို မတူညီတဲ့ လူမျိုးစုတွေနဲ့ တခြား ဘာသာကိုးကွယ်သူတွေရဲ့ တိုက်ခိုက်ဖျက်ဆီးမယ့် အန္တရာယ်ကနေ ကာကွယ်ပေးနေတဲ့ အဖွဲ့ အစည်းအဖြစ် သမိုင်းတစ်လျှောက်ဖန်တီးပုံဖော်ခဲ့ကြသူတွေဖြစ်ပါတယ်။

စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာနဲ့ပတ်သက်ပြီး လက်မခံသူတွေကို လူမျိုး၊ဘာသာ သာသနာ နဲ့ တိုင်းပြည်ဖျက်ဆီးနေသူတွေအဖြစ်ပုံဖော်ပြီး သူတို့အစုအဖွဲ့ နိုင်ငံရေးမှာ ပါဝင်ဖို့ နဲ့ နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောဆိုလေ့ ရှိကြပါတယ်။

အမျိုးသားရေးဆိုတဲ့ အရည်ခြုံထားတဲ့ အစွန်းရောက်တွေဟာ ဘာသာခြားလူမျိုးတွေရဲ့ ပယောဂ တွေကြောင့် ဗမာလူမျိုးနဲ့ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားနိုင်တယ်လို့ အမြဲတစေ ဝါဒဖြန့်နေပြီး ဗုဒ္ဓဘာသာကိုးကွယ်သူတွေကြား ဘာသာခြားဝင်တွေအပေါ် ကြောက်စိတ်ဝင် လာအောင် လူမှုကွန်ရက် တွေကနေ သတင်းအမှားတွေဖြန့်ဝေလေ့ ရှိသူတွေဖြစ်ပါတယ်။

စစ်တပ်က ရန်သူအဖြစ်သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ NLD ပါတီအစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာကို ကာကွယ်မှုမပေးခဲ့သလို ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကျ ဆင်းကာ အစော်ကားခံဘာသာဖြစ်ခဲ့ရတယ်လို့ ပြောဆိုရေးသားလေ့ ရှိကြပါတယ်။

လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုတို့၏ ကောက်ကြောင်းများဆိုတဲ့ စာတန်းမှာ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အမျိုးသားရေးသမားဆိုသူတွေရဲ့ အမုန်းတရားဖြန့် ဝေမှုနဲ့ အစွန်းရောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့စာတမ်းကို မြန်မာဘာသာဖြင့်ဖတ်ရှုရန် :

https://bit.ly/3C8Dazl

အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရှုရန် :

https://bit.ly/3VBD8XC ဆိုပြီး ဘာသာနှစ်ခုနဲ့ ဖတ်ရှုလို့ ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.