မြိုင် – ဒီဇင်ဘာ(၂၆)

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် လေးဦးသေဆုံးပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာ က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၄) ရက်နေ့က ဖောင်းကွဲကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်သာတွေကို အီနာဂါ အသုံးပြုထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ဖောင်းကွဲရွာရဲ့ အရှေ့တောင်ဘက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ တခြားဒဏ်ရာရတဲ့သူတွေကိုလည်း တွဲခေါ်သွားတာတွေ့ရတယ်လို့ ဗိုလ်လက်ျာ ကပြောပါတယ်။

စစ်ကောင်နဲ့ ပျူစောထီးပူးပေါင်းအင်အား(၁၀၀) ကျော်ပါတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး (၂၂) လုံးကျော်အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူသူရိန်အဖွဲ့နဲ့ မြိုင် ပကဖ တပ်ရင်း(၁) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ(၂၃) ရက်နေ့ကလည်း ပခုက္ကူသူရိန်အဖွဲ့၊MRTF နဲ့ မြိုင်ပကဖ တပ်ရင်း(၁) တို့ ပူးပေါင်းပြီး စစ်ကောင်စီဘက်ကို ဒရုန်းနဲ့ အီနာဂါ ချပြီးတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံး ကာလေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဉ်လိုလို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အထိနာနေ တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင်(ပ.က.ဖ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.