ကော်သူးလေ – ဒီဇင်ဘာ(၂၆)

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆) နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်း စစ်သင် တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသကို ပေးအပ်မယ့် လက်နက်တွေထဲက အလက်(၅၀) ပေးအပ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တာ ပါ။

အစိုးရရဲ့ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားမဟာမိတ် တွေနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနဲ့ တိုင်းရင်းသားမဟာမိတ် တွေနဲ့ ပြည်သူ့ကာကွယ်တပ်မတော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီရယူဆောင်ရွက်ထားနိုင်မှု တွေကို သင်တန်းဆင်းပွဲမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒေါ်ဖြူဖြူသင်း တို့က ကော်ဘရာစစ်ကြောင်းသင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုငွေ (၁၀) သိန်းပေးအပ်ခဲ့ပါ သေးတယ်။

ကော်ဘရာ စစ်ကြောင်းဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လက်အောက် ခံ KNLA-PDF ပူးပေါင်းတပ်ဖွဲ့ ဖြစ်ပြီး မြဝတီ- ဝေါ်လေ ကားလမ်းတစ်လျှောက်မှာ စစ်ကောင်စီ တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဒီသင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ဒေါ်ဖြူဖြူသင်း၊ တောင်ပိုင်းတိုင်း စစ်ဒေသ ဗိုလ်မှူးကြီး စောဖီးနစ်နဲ့ ဗိုလ်စောရှားတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.