တီဟီရန် – အောက်တိုဘာ(၂၀) 

ရုရှားနိုင်ငံကို မောင်းသူမဲ့ လေယာဉ်တွေအပြင် မြေပြင်ပစ်ဒုံးကျည်တွေ ပံ့ပိုးပေးမယ်လို့ အီရန်က ကတိပြုထားတယ်လို့ အကြီးတန်အရာရှိနှစ်ဦးနဲ့ အီရန် သံတမန်နှစ်ဦးက ရိုက်တာ ကိုပြောဆိုခဲ့ ပြီးအဲ့ဒီလုပ်ရပ်ဟာ အမေရိကန်နဲ့မဟာမိတ်အင်အားစုတွေကို ဒေါသွက်စေခဲ့တယ်လို့ဆိုပါတယ်။ 

အီရန် ခေါင်းဆောင် မိုဟာမက်မိုဘာနဲ့ အင်အားကြီးတော်လှန်ရေးအစောင့်တပ်က အကြီးတန်း အရာရှိနှစ်ဦးအပါအဝင် အမျိုးသားလုံခြုံရေးကောင်စီက အကြီးတန်အရာရှိတစ်ဦးတို့ဟာ ရုရှား နဲ့ဆွေးနွေးဖို့အတွက် မော်စကို မြို့ကို သွားရောက်ပြီး လက်နက်ပေးအပ်ဖို့ အောက်တိုဘာလ(၆) ရက်နေ့က သဘောတူခဲ့ကြတာပါ။ 

“ရုရှားတွေဟာ ဒရုန်းတွေအပြင် ပိုမိုတိကျကောင်းမွန်တဲ့ အီရန်ပဲ့ထိန်းဒုံးကျည်တွေ အထူးသဖြင့် Fateh နဲ့ Zolfaghar ဒုံးကျည်တွေရဲ့ မိသားစုကို တောင်းဆိုခဲ့ပါတယ်” လို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အီရန်သံတမန်တစ်ဦးက ပြောဆိုခဲ့ပါတယ်။ 

မြေပြင်ပစ်တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပေးအပ်ဖို့ အီရန်နဲ့ ရုရှားတို့ သဘောတူညီမှု ရရှိထား တယ်လို့ အနောက်တိုင်း အရာရှိတစ်ဦးကလည်း အတည်ပြုပြောဆိုထားပါတယ်။ 

အီရန်က ထောက်ပံ့ပေးမယ့် မောင်းသူမဲ့ လေယာဉ်တွေထဲက တစ်ခုမှာ  Shahed-136 ဖြစ်ပြီး ဝေဟင်ကနေ မြေပြင်တိုက်ခိုက်ရေးလေယာဉ်အဖြစ်အသုံးပြုတဲ့ လက်နက်ဖြစ်ကာ ပေါက်ကွဲ ထွက်နိုင်တဲ့ ထိပ်ဖူးငယ်တစ်ခု သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ 

ဒီလွှဲပြောင်းမှုဟာ ၂၀၁၅ ခုနှစ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက် တာဖြစ်တယ်လို့ အနောက်နိုင်ငံအရာရှိတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အီရန် သံတမန်က ပယ်ချထားပါတယ်။ 

“သူတို့အသုံးပြုနေတဲ့နေရာဟာ ရောင်းသူရဲ့ပြဿနာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေလို ယူကရိန်းအကျပ်အတည်းမှာ ဘက်မလိုက်ပါဘူး။ သံတမန်နည်းလမ်းအရ အကျပ်အတည်းကို အဆုံးသတ်ချင်ပါတယ်” လို့ အီရန်သံတမန်က ပြောခဲ့ပါတယ်။ 

မကြာသေးခင်ရက်သတ္တပတ်တွေအတွင်း အီရန်လုပ် Shahed-136 ဒရုန်းတွေကို အသုံးပြုပြီး ရုရှားရဲ့ တိုက်ခိုက်မှုကို ယူကရိန်းက ထုတ်ဖော်ခဲ့ကာ ယူကရိန်းမှာ အသုံးပြုဖို့အတွက် ရုရှားနိုင်ငံ ကိုမောင်းသူမဲ့လေယာဉ်တွေနဲ့ တခြားလက်နက်တွေထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းတွေကို တော့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချထားပါတယ်။ 

ရုရှားကလည်း သူတို့ရဲ့ တပ်ဖွဲ့တွေဟာ ယူကရန်းကို တိုက်ခိုက်ဖို့အတွက် အီရန်ဒရုန်းတွေကို အသုံးပြုတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားဟာ အီရန်ဒုံးကျည်တွေကို အသုံးပြုနေတဲ့အတွက် အမေရိကန်နဲ့ တခြားသောအနောက်အင်အားကြီးနိုင်ငံတို့ကြား တင်းမာမှုတွေ မြင့်တက်နေတယ် လို့သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.