ဆစ်ဒနီ – အောက်တိုဘာ(၁၉) 

မိုးဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိတယ်ဆိုတဲ့ မိုးလေဝသသတိပေးချက်ကြောင့် ဩစတြေးလျ အရှေ့တောင်ပိုင်းတဝှမ်းမှာ နေထိုင်သူတွေဟာ ရေကြီးမှုဒဏ်ကို ပိုမိုဆိုးရွားစွာခံစားလာရနိုင် တယ်လို့ ဆိုနေကြပါတယ်။ 

New South Wales နဲ့  Victoria ပြည်နယ်နှစ်ခုကြား နယ်နိမိတ် ဩစတြေးလျရဲ့ အရှည်ဆုံးမြစ် ဖြစ်တဲ့ Murray (မာရေးမြစ်) ဟာ နှစ်(၃၀) နီးပါးအတွင်းအမြင့်ဆုံးရေမှတ်ကို ရောက်ရှိလာနေတဲ့ အတွက် ဒေသခံ(၂) သောင်းကျော်နေထိုင်တဲ့ အီချူကာနဲ့ မိုအားမာ နယ်စပ်မြို့တွေအထိ ရောက် ရှိလာနိုင်တယ်လို့ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ရာသီဥတုဖောက်ပြန်မှုလျော့ပါးသွားပေမယ့် အဲ့ဒီဒေသဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာသွန်း မှုဟာ တစ်လကျော်ကြာရွာသွန်းနှုန်းကိုကျော်လွန်ပြီးနောက် အရှေ့တောင်ဘက်အနှံ့အပြားမှာ ရေကြီးမှုတွေဖြစ်လာခဲ့တာပါ။ 

“ဆည်တွေနဲ့ မြစ်တွေမှာ ရေတွေ ပြည့်နေတယ်၊ ​​ဒါကြောင့် ဒီအချိန်ဟာ ခက်ခဲမယ်လို့ မျှော်လင့်ပါ တယ်။ မိုးလေကောင်းတာနဲ့ ထွက်ခွာဖို့ အဆင်သင့်ပါပဲ၊ ကယ်ထုတ်ဖို့ အသင့်ဖြစ်နေပါပြီ” လို့ New South Wales ဝန်ကြီးချုပ် က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ 

လေဖိအားနည်းရပ်ဝန်းစနစ်နဲ့ ရေကြီးမှုဒဏ်ခံရတဲ့ ဒေသတချို့မှာ အောက်တိုဘာလ(၁၉) ရက် နေ့ကစပြီး မိုးပိုလာမယ်လို့ ခန့်မှန်နေကြသလို မိုးရေချိန် (၅၀) မီလီမီတာ အထိရွာသွန်းနိုင်တယ် လို့ဆိုနေကြပါတယ်။ 

“ကမ္ဘာ့အကောင်းဆုံး လယ်မြေအချို့သည် ကောက်ပဲသီးနှံများအတွက် ရေအောက်သို့ ရောက် သွားသောအခါ ၎င်းသည် ဩစတြေးလျတစ်ဝိုက်တွင် နေထိုင်စရိတ်များ အတွက်လည်း သိသာ ထင်ရှားသော အကျိုးဆက်များ ရှိနေသည်” လို့ နိုင်ငံရေးသမားတစ်ဦးက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ အစားအသောက်စျေးနှုန်းတွေ တက်လာနိုင်ပြီး လာမယ့် သီတင်းပတ်မှာရရှိမယ့် ဘတ်ဂျက်မှာ ကယ်ဆယ်ရေးအသုံးစရိတ် ပိုမိုများပြားလာနိုင်တယ်လို့ သူက ပြောပါသေးတယ်။ 

အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေကတော့ မဲလ်ဘုန်းမြို့မြောက်ဘက်မိုင် (၁၂၀) အကွာ မိုအားမာ မှာ ကယ်ဆယ်ရေးစင်တာတွေဖွင့်လှစ်ထားပြီး ရာနဲ့ချီတဲ့ သူတွေကိုကယ်တင်ထား တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဗစ်တိုးရီးယားမြောက်ပိုင်းနဲ့ နယူးဆောက်ဝေးလ် တောင်ပိုင်းမှာ နေထိုင်သူတွေကို သူတို့ရဲ့ နေအိမ်တွေက ထွက်ခွာဖို့ ပြင်ဆင်ထားသင့်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း တွေက ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.