ပေကျင်း – အောက်တိုဘာ(၉) 

သန်းကြွယ်သူဌေး အီလွန်မက်စ်ရဲ့ ရုရှားနဲ့ ယူကရိန်း စစ်ပွဲအဆုံးသတ်ဖို့ ဖြစ်နိုင်ချေရှိတဲ့ သဘောတူညီချက်ကို တင်ပြပြီးရက်ပိုင်းအကြာမှာ တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဘေဂျင်းကို လွှဲပြောင်းပေးပြီး ဖြေရှင်းနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။ 

သူ့ရဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီ ရှန်ဟိုင်းမှာ စက်ရုံကြီးတစ်ခု ဖွင့်လှစ့်မယ့် တရုတ်နိုင်ငံ အကြောင်း မေးချိန်မှာ “ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ ထိုင်ဝမ်အတွက် အထူးစီမံအုပ် ချုပ်မှုဇုန်တစ်ခုကို ဖော်ဆောင်ဖို့ဖြစ်ပြီး ဒါကတော့ လူတိုင်းကို ပျော်ရွှင်စေမှာမဟုတ်ပါဘူး” လို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် မက်စ်က Financial Time သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ 

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ပြည်နယ်တွေထဲက တစ်ခုလို့ ဆိုထားပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်လည်ထည့်သွင်းဖို့ အင်အားသုံးမယ်ဆိုပြီး ပြောဆို တာတွေရှိနေပါတယ်။ 

ထိုင်ဝမ်အစိုးရက တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုက်ို ပြင်းပြင်းထန်ထန်ကန့်ကွက် ပြီး ကျွန်နိုင်ငံရဲ့ ပြည်သူ(၂၃) သန်းကသာ သူတို့ရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။

“ဖြစ်နိုင်တယ် ပြီးတော့ ဟောင်ကောင်ထက် ပိုသက်တောင့်သက်သာရှိမယ့် အစီအစဉ်တစ်ခု ရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မက်စ်က ပြောခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို ဟောင်ကောင်နဲ့ အတူ တစ်နိုင်ငံ စနစ်နှစ်ခု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံကို ကမ်းလှမ်းခဲ့ပေမယ့် ပေကျင်းက ၂၀၂၀ မှာ မြို့အတွက် တင်းကြပ်တဲ့ အမျိုးသာလုံခြုံရေး ဥပဒေကို ပြဌာန်းပြီးနောက် ထိုင်ဝမ်မှာရှိတဲ့ ပင်ပနိုင်ငံရေးပါတီတွေက ပယ်ချခဲ့တဲ့အပြင် လူထု ထောက်ခံမှုလည်း မရခဲ့ဘူးလို့ သိရပါတယ်။ 

ဒေသတွင်းလုံခြုံရေးအစီအမံနဲ့ ရင်းနှီးတဲ့ ထိုင်ဝမ်အကြီးတန်းအရာရှိတစ်ဦးက မက်စ်ဟာ ပြတ်သားတဲ့ နိုင်ငံရေးအကြံပေးတစ်ဦးကိုရှာဖွေဖို့လိုအပ်တယ်လို့ ရိုက်တာကိုပြောခဲ့ပါတယ်။

ဒါ့အပြင် မက်စ်ရဲ့ ထင်မြင်ချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အကြီးတန်းအရာရှိက ငြင်းဆိုခဲ့ပါသေးတယ်။  

“ဟောင်ကောင်မှာ ဖြစ်ပျက်ခဲ့တာတွေကို ကမ္ဘာက ရှင်းရှင်းလင်းလင်း မြင်နေရပြီ၊ ဟောင်ကောင် ၏ စီးပွားရေးနှင့် လူမှုဘဝတွေဟာ ဘေဂျင်း၏ အာဏာရှင် အုပ်ချုပ်မှုအောက်တွင် ရုတ်တရက် အဆုံးသတ်သွားမယ်” လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ 

ရှန်ဟိုင်းက စက်ရုံဟာ Tesla ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်မှုတစ်ခုလုံးရဲ့ ထက်ဝက်ပါဝင်နေပြီး တရုတ်ဆီမှာ သူ့ရဲ့ Space – X ဒုံးပျံကုမ္ပဏီရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုကိုတော့ ကမ်းလှမ်းမှာမဟုတ်ဘူးလို့ မက်စ်က ပြောခဲ့ပါတယ်။ 

ဒီသီတင်းပတ်အစောပိုင်းကလည်း မက်စ်ဟာ ခရိုင်းမီးယားဒေသ ရုရှားကိုအပိုင်ပေးဖို့ ယူကရိန်း ကိုအဆိုပြုခဲ့ပြီး ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ ကုလသမဂ္ဂရဲ့ ပံ့ပို့မှု အောက်မှာ လူထုဆန္ဒခံယူပွဲတွေ ကျင်းပဖို့ဖြစ်ပြီး ယူကရိန်းက အဲ့ဒီအစီအစဉ်ကို ကြားနေအဖြစ် သဘောတူကြောင်းအဆိုပြုထားပါတယ်။ 

မက်စ်ရဲ့ တွစ်တာစာမျက်နှာမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ ဖြေဆိုခဲ့တဲ့ ယူကရိန်းသမ္မတ ဆီကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေရှိခဲ့ပြီး တွစ်တာအသုံးပြုသူတွေဟာ သူ့ရဲ့အစီအစဉ်ကို အာရုံစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ယူကရိန်းသမ္မတက  “မင်း @elonmusk ဘယ်ဟာကို ပိုကြိုက်လဲ၊ ယူကရိန်းကို ထောက်ခံတဲ့သူ (သို့မဟုတ်) ရုရှားကို ထောက်ခံတဲ့သူ” ဆိုပြီး မေးခွန်းထုတ်တုံ့ပြန်ခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.