တိုကျို၊ အောက်တိုဘာ (၁)

ဂျပန်နိုင်ငံရဲ့ နည်းပညာဝန်ကြီးက နိုင်ငံရဲ့ အစိုးရရုံးတွေနဲ့ အလုပ်ခွင်တွေမှာ နှေးကွေးနေတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ စက်တင်ဘာ ၃၀ ရက်က ပြောပါတယ်။

ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရေး ဟဲဗီးဝိတ်တစ်ယောက်ဖြစ်သူ တာရီုကိုနိုဟာ ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးမှာ အသုံးများဆဲဖြစ်တဲ့ ဖက်စ်စက်တွေ၊ ဖလပ်ဖီဒစ်တွေနဲ့ အခြား အသုံးမပြုတော့တဲ့  နည်းပညာတွေအတွက် စိန်ခေါ်ထားပြီးဖြစ်ပါတယ်။ 

“ညှိနှိုင်းရေးလုပ်ဖို့ ကျွန်တော့်မှာ အစီအစဉ်မရှိပါဘူး၊ ပြဿနာရှိတဲ့သူတွေရှိရင် သူတို့ကို ဆုံးမမယ်”  လို့  သတင်းထောက်အ ချို့ကို အွန်လိုင်းကနေ ဖြေကြားခဲ့တာပါ။

“ကပ်ရောဂါကာလမှာ ဂျပန်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု နှေးကွေးနေတာ လူတိုင်းသိရှိနိုင်ဖို့တွန်းအားပေးခဲ့တယ်၊ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် စီးပွားရေးလုပ်ဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိသာထင်ရှား လာပါပြီ” လို့ ကိုနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဂျပန်နိုင်ငံဟာ နည်းပညာအဆင့်မြင့်တယ်လို့ နိုင်ငံတကာမှာ မကြာခဏ ယူဆသော်လည်း ဖက်စ်စက်တွေကို စီးပွားရေး လုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေက အီးမေးလ်နဲ့ စာတိုပေးပို့ခြင်းအက်ပ်များနည်းတူ ပုံမှန်အသုံးပြုနေဆဲဖြစ်ပါတယ်။ 

Floppy Disk နဲ့ CD-ROM တွေကို သုံးစွဲသူနည်းပါးနေပေမယ့်လည်း အချို့သော တရားဝင်စာရွက်စာတမ်းတွေကို ခေတ်မမီ တဲ့ ပုံစံတွေနဲ့ တရားဝင် သိမ်းဆည်းထားဖို့ လိုအပ်နေသေးတယ်လို့ သူက ပြောပါတယ်။ 

“COVID တလျှောက်လုံးမှာ နိုင်ငံတော်တော်များများဟာ သူတို့ရဲ့ အစိုးရလုပ်ထုံးလုပ်နည်းတွေကို ဒစ်ဂျစ်တယ်ပလက်ဖောင်း တွေဆီ ရွှေ့လာတာကို တွေ့ခဲ့ရပါတယ်၊ တစ်ချိန်တည်းမှာဘဲ ငါတို့ မရောက်သေးဘူး ” လို့ သူက ပြောပါသေးတယ်။ 

အလုပ်ခွင်မှာ အပြောင်းအလဲတွေလုပ်ဖို့ တွန်းအားမပေးတဲ့ အစဉ်အလာကို သူက အပြစ်တင်ခဲ့ပြီး လူတွေဟာ ပြဿနာတွေကို သတိမထားမိဟန်ဆောင်နေတယ်လို့ ဆိုခဲ့ပါတယ်။ 

“အိမ်မှာ တစ်ခုခုအဆင်မပြေရင် လူတွေက အပြောင်းအလဲလုပ်ဖို့ အရမ်းမြန်တယ်။ ဒါပေမယ့် အိမ်ကထွက်လိုက်တာနဲ့ အရာအားလုံးက တခြားတစ်ယောက်ရဲ့ ပြဿနာဖြစ်လာတယ်၊ လူတွေဟာ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို မြှင့်တင်ဖို့ အကြံပြုတဲ့ အလေ့အထကို တည်ဆောက်ရမယ်” လို့ သူကပြောခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.