အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့”ကုန်ကားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လူသတ်/ပစ္စည်းလု လုပ်လာတဲ့ အကြမ်းဖက်ပဒက်များ”သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ( ၂၈) နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ Myanmarnewsစတဲ့ လူမှုစာမျက်နှာတွေနှင့် အကောင့်တွေကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ဖြန့်ဝေမှုမှာတော့ “ကုန်ကားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လူသတ်/ပစ္စည်းလုလုပ်လာတဲ့ အကြမ်းဖက်ပဒက်များ” ဆိုတဲ့ ခေါင်းစဥ်နှင့်အတူ ကားတစ်စီးကိုပစ်ခတ်နေတဲ့ ဓာတ်ပုံတွေနှင့် ဖော်ပြခဲ့ကြပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/3SBNANs

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ သတင်းအမှားကို စစ်တပ်ထောက်ခံသူတွေက ဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၂၅ ရက် နေ့လည် ၁၂ နာရီ ၂၉ မိနစ်အချိန်က စစ်ကိုင်းဘက်မှ မုံရွာဘက်သို့သွားသော ကား ၆စီးပါ စစ်တပ်ထောက်ပို့ယာဉ်တန်းကို PDF ညီနောင်မဟာမိတ် (People’s knight Defense Force Myinmu ) တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့ တပ်မ (၃၃)ထဲက မုံရွာဘက် မောင်းနှင်လာတဲ့ စစ်အုပ်စုရဲ့ ကားတွေကို ပစ်ခတ်တာ ဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက်ပြီး ခိုးရာပါ ပစ္စည်းတွေကို မုံရွာ နမခ နှင့် စစ်ကိုင်း တပ်မ (၃၃)ကြား ရွှေ့ပြောင်းသယ်ယူတာတွေ မကြာခဏ လုပ်ဆောင်နေ တယ်လို့လည်း MandalayFreePress သတင်းဌာနက ရေးသားထားတာ တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီပေ့ချ်တွေ ဖြန့်ဝေနေတဲ့ဓာတ်ပုံက People’s knight Defense Force Myinmu ရဲ့ ထုတ်ပြန်ချက် ရုပ်သံဖိုင်ကို Screenshotပြန်ရိုက်ထားကြောင်းကိုလည်း စီစစ်တွေ့ရှိရပါတယ်။

knight Defense Force Myinmuရဲ့ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

https://fb.watch/fPS2pYRfZp/

MandalayFreePressသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://fb.watch/fPSbZRFKha/

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ကုန်ကားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လူသတ်/ပစ္စည်းလု လုပ်လာတဲ့ အကြမ်းဖက်ပဒက်များ”ဆိုတဲ့ သတင်းဟာ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.