မော်လမြိုင်၊ စက်တင်ဘာ (၂၉)
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘောလုံးရာသီအတွက် စပိန်လာလီဂါ အကောင်ဆုံး ကစားသမား ကစားသမားဆုအပါအဝင် အကောင်းဆုံးဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်ဖက်ဒရစ်အသင်းကို လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးရာမှာ အဓိက ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့အတွက် ဒီဆုတွေကို ဆွတ်ခူးရရှိခဲ့တာပါ။
ဘန်ဇီမာဟာ ဒီစတီဖာနိုဆု ဖြစ်တဲ့ လာလီဂါအကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းဘုရင်ဆုဖြစ်တဲ့ ပီချီချီဆုနဲ့ ပရိသတ်တွေ ရွေးချယ်တဲ့ အကောင်းဆုံးဆုတွေကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ သွင်းဂိုး ၄၂ ဂိုးထိ သွင်းယူပေးခဲ့သလို ကမ္ဘာ့အကောင်ဆုံးကစားသမားဆု ဖြစ်တဲ့ ဘောလွန်ဒီအော့ကိုလည်း ဆွတ်ခူးရရှိဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
စပိန်အားကစားသတင်းစာ မာကာပေးအပ်တဲ့ အဲဒီဆုပေးပွဲမှာတော့ အက်သလက်တီကိုမက်ဒရစ်အသင်း တိုက်စစ်မှူး မိုရာတာဟာ ပြီးခဲ့တဲ့ ၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီအတွက် စပိန်လက်ရွေးစင်အသင်းရဲ့ အကောင်ဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
သတင်း- သံလွင်တိုင်းမ်