ဖလမ်း၊ စက်တင်ဘာ (၂၈)
ဖလမ်းမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး Dr.Tluang Cung Thang ဟာ ယနေ့စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်မှာပဲ မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် (၄၁)နှစ်သာ ရှိသေးပြီး ဆေးရုံအုပ်ကြီးကွယ်လွန်ခဲ့တဲ့အတွက် ဆေးလောက အသိုင်းအဝန်းကလည်း ဝမ်းနည်းစိတ်မကောင်းစကားတွေ မှတ်ချက်ပြုခဲ့ကြပါတယ်။
ဆရာကြီးဟာ ကိုဗစ်ကာလအတွင်းက စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေ ကြောင့် လူချစ်လူခင်ပေါများသူဖြစ်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ဆေးရုံအုပ်ဟာ ကိုဗစ်ကာလ အတွင်း ဖလမ်းမြို့နယ်ကလူနာတွေကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့လို့ ၂၀၂၀ ခုနှစ် ဖလမ်းမြို့စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒေသထုတ် Chinland Herald သတင်းက ဂုဏ်ပြုမှုကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဆေးရုံအုပ်ကြီးရဲ့ ရုပ်အလောင်းကိုတော့ ယနေ့မှာပဲ ဟားခါးကို သယ်ဆောင်သွားမယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်