မော်လမြိုင်၊ စက်တင်ဘာ (၂၈)
စပိန်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ UEFA Nations လိဂ် (A) အဆင့် ပြိုင်ပွဲမှာ အိမ်ရှင်ပေါ်တူဂီအသင်းကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့တာပါ။
စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ဒီပွဲမှာ သရေကျယုံနဲ့ ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် ပွဲချိန် ၈၈ မိနစ်ပေးလိုက်ရတဲ့ နောက်ကျသွင်းဂိုးကြောင့် ဆီးမီးဖိုင်နယ်အဆင့်နဲ့ လွဲချော်သွားခဲ့တာပါ။
နည်းပြ အင်းနရစ်ရဲ့ စပိန်အသင်းဟာ ဒီပွဲမှာ မိုရာတာ၊ ကိုကီအပါအဝင် အဓိကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ပေါ်တူဂီအသင်းကလည်း စီရော်နယ်လ်ဒို၊ ဖာနန်ဒက်စ်၊ ဆေးဗာလ် အပါအဝင် ကစားသမား အစုံအလင်နဲ့ စပိန်အသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။
ဒါပေမယ့် ပေါ်တူဂီအသင်းဟာ စပိန်အသင်းကို ပြိုင်ပွဲတလျှောက် အကောင်းဆုံး ဖိအာပေးနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်တာကြောင့် အရှုံးပေးလိုက်ရတာပါ။
စပိန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၈ မိနစ်မှာ တိုက်စစ်မှူး မိုရာတာက သွင်းယူပေးခဲ့တာပါ။
စပိန်အသင်းဟာ ဒီနိုင်ပွဲရလဒ်ကြောင့် UEFA Nations လိဂ် (A) အဆင့် ပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်အဆင့်ကို အီတလီအသင်းနဲ့အတူ နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။
UEFA Nations လိဂ် (A) အဆင့် ပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်အဆင့်ကိုတော့ နယ်သာလန်၊ ခရိုအေးရှာ၊ စပိန်နဲ့ အီတလီအသင်းတို့က တက်ရောက်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်