ဆွန်ဟွန်၊ စက်တင်ဘာ (၂၀) 

ဟာရီကိန်း ဖီအိုနာမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ(၈၅) မိုင်နှုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေလွှမ်းမိုးမှုကပ်ဘေးလည်း ခံရနိုင်ဖွယ်ရှိနေကြောင်း ဆန်ဂျူအန်မိုးလေဝသဌာန က သတိပေးခဲ့ပါတယ်။

ဖီအိုနာ ဟာရီကိန်းမုန်တိုင်းဟာ ပွန်တာကိုကွန်အနီးမှာရှိတဲ့ ပွာတိုရီကိုရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ကုန်း တွင်းပိုင်းကို ညနေသုံးနာရီ မိနစ်၂၀အချိန်က ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မုန်းတိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပွာတို ရီကို ပြည်နယ် အများစုမှာ ရေလွှမ်းမိုးမှု သတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ ဆန်ဂျူအန်ရှိ မိုးလေဝသဌာနကတော့ ပွာတိုရီကို ရဲ့ တောင်ပိုင်း တစ်ဝက်လုံးဟာ ရေလွှမ်းမိုးမှု ကပ်ဘေးကို ခံရနိုင်ဖွယ် ရှိနေတယ်လို့ သတိပေးထားခဲ့တာပါ။

ပွာတိုရီကိုမှာ မိုးရွာသွန်းစဉ်  မိုးရေချိန်စုစုပေါင်း၁၂ လက်မမှ ၁၆ လက်မအထိရှိနိုင်ပြီး ဒေသတွင်း အမြင့်ဆုံးမိုးရေချိန် ၂၅ လက်မ သို့လည်း ရောက်ရှိနိုင်ကာ အထူးသဖြင့် အရှေ့ပိုင်းနှင့် တောင်ပိုင်းမှာ မိုးရေချိန်များနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်း နေကြပါတယ်။

ဖီအိုနာမုန်တိုင်းဟာ အဆင့်တစ် မုန်တိုင်းအဖြစ် ကျွန်းများအနီးသို့ ဝင်ရောက်လာစဉ်မှာ အမေရိကန်ပိုင်နက်အတွင်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်ခဲ့ပြီး လျှပ်စစ်သွယ်တန်းလိုင်းချို့ယွင်းမှုကြောင့် ရာနှုန်းပြည့် ဓာတ်အားပြတ်တောက်သွား ကြောင်းလည်း  PowerOutage.us ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ 

“ဒီအခြေအနေကိုဖြေရှင်းဖို့  သတ်မှတ်ထားတဲ့ အစီအစဉ်တွေအပေါ်အခြေခံပြီး ပရိုတိုကောလ်တွေကို  အသက်သွင်းခဲ့တယ်”လို့ အုပ်ချုပ်ရေးမှူးက သူရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

ဓာတ်အားပေးကုမ္ပဏီ LUMA ကတော့ ဓာတ်အားအပြည့်ပြန်လည်ရရှိဖို့ ရက်များစွာကြာနိုင်ကြောင်း သတိပေးခဲ့ပြီး မုန်တိုင်းဟာ “မယုံနိုင်လောက်အောင် စိန်ခေါ်မှုများ”ရှိနေခဲ့ပြီး ဓာတ်အားသုံးစွဲသူ (၁.၅) သန်းအတွက် ဘေးကင်းလုံခြုံတဲ့အခါ ပြန်လည်ထူ ထောင်ရေး ကြိုးပမ်းမှုတွေ ချက်ချင်းစတင်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“လက်ရှိရာသီဥတုအခြေအနေက အလွန်အန္တရာယ်များပြီး အခြေအနေကို အပြည့်အဝအကဲမဖြတ်နိုင်သေးပါဘူး”လို့လည်း သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါသေးတယ်။ 

ကျွန်းအရှေ့ဘက်ခြမ်းမှာရှိတဲ့  မြစ်တွေဟာ မုန်တိုင်းကြောင့် ဒီရေတွေ တိုးနေပြီး အရှေ့တောင်ဘက်မှာရှိတဲ့ မြစ်တစ်စင်းက တော့ ၇နာရီအတွင်း မုန်တိုင်းဒီရေ ၁၂ပေကျော် မြင့်တက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ မုန် တိုင်းဒီရေဟာ ၂၅ပေကျော်ရှိနေခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီမုန်တိုင်းဒီရေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း မာရီယာမုန်တိုင်းထက် တစ်ပေခန့် ကျော်လွန်နေ တာလည်း ဖြစ်ပါတယ်။

Ref: Digital Journal

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.