September 20, 2022

လေယာဥ်နဲ့တိုက်ခိုက်ခံရတဲ့ စာသင်းကျောင်းဟာ PDF တွေ စုဝေးရာလို့ စစ်တပ်ထောက်ခံသူတွေ သတင်းမှားဖြန့်

အမှန်/အမှား စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းဟာ လက်နက်ထုတ်လုပ် ပဒက်တွေ စုနေတဲ့ နူဂျီကျောင်း “ ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက…

ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း စိတ်ဝင်စားနေ

တူရင်း၊ စက်တင်ဘာ (၂၀) အီတလီစီရီးအေကလပ်၊ ဂျူဗင်တပ်စ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို နည်းပြအဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြနေကြတာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံနေရတဲ့အတွက် နည်းပြဖြစ်သူ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်ပြီး ဇီဒန်းကို အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အသက် ၅၀ နှစ်အရွယ် ပြင်သစ်လူမျိုး…

ပေါင်မြို့လယ်ခေါင် ရွှေဆိုင်မှာ လုယက်မှုဖြစ်

မော်လမြိုင်၊ စက်တင်ဘာ ၂၀ မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ရွှေဆိုင်တစ်ဆိုင်ကို လူနှစ်ဦးက ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကဒါရပ်ကွက်ရပ်၊ အောက်လမ်းမမှာ ဖွင့်လှစ်ထားတဲ့ လမင်းတရာ ရွှေဆိုင်ကို မွန်းလွဲ ၁ နာရီခွဲ ကျော်ခန့်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်နှစ်ဦးက ဝင်ရောက်လုယက်ခဲ့တာပါ။ရွှေဆိုင်ထဲက ရွှေဆွဲသီးနှစ်ခုကို လုယက်သွားပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ မျက်မြင်တွေ့ရှိခဲ့သူက…

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု စွဲချက်တင် အမိန့်ချခံရ

မော်လမြိုင်၊ စက်တင်ဘာ (၂၀) ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေအတွက် စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင် အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ…

NUG ထောက်ခံသူတွေကို ထောင်ဆယ်နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မနဲ့ အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

နေပြည်တော် – စက်တင်ဘာ(၂၀) လူမှုကွန်ရက် Facebook မှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ခံနေသူတွေကို ထောင်ဒဏ်(၁၀) နှစ်ထိအမြင့်ဆုံးချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီနေ့ စက်တင်ဘာလ(၂၀) ရက်နေ့ နေ့လည်ပိုင်းမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့ အကြိမ်(၂၀) မြောက် သတင်းစာရှင်းလင်းပွဲမှာ သူကအခုလိုပြောဆိုခဲ့တာပါ။ ”…

ဟာရီကိန်း ဖီအိုနာကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

ဆွန်ဟွန်၊ စက်တင်ဘာ (၂၀) ဟာရီကိန်း ဖီအိုနာမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ(၈၅) မိုင်နှုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေလွှမ်းမိုးမှုကပ်ဘေးလည်း ခံရနိုင်ဖွယ်ရှိနေကြောင်း ဆန်ဂျူအန်မိုးလေဝသဌာန က သတိပေးခဲ့ပါတယ်။ ဖီအိုနာ ဟာရီကိန်းမုန်တိုင်းဟာ ပွန်တာကိုကွန်အနီးမှာရှိတဲ့ ပွာတိုရီကိုရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ကုန်း တွင်းပိုင်းကို ညနေသုံးနာရီ မိနစ်၂၀အချိန်က ဝင်ရောက်ခဲ့တာ…

မစိန်နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်မီးရှို့ ရဲ(၇) ဦးသေဆုံး

ကလေးဝ – စက်တင်ဘာ(၂၀) စစ်ကိုင်းတိုင်းကလေးဝမြို့နယ် မစိန်ရွာ နယ်မြေရဲစခန်းကို စက်တင်ဘာလ(၁၈) ရက်နေ့ မနက်ပိုင်းက ကလေးဝ PDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေးဝ ပြည်သူ့ကာ ကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၇) ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိပြီး ထွက်ပြေး သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိတယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ G-3…

တာလီဘန်တွေရဲ့ အကျဉ်းသားလဲလှယ်မှုအစီအစဉ်နဲ့ အမေရိကန်အင်ဂျင်နီယာချုပ် ဖဲရစ်ကို ပြန်လွတ်လာ

ကာဘူးလ်၊ စက်တင်ဘာ (၂၀) အာဖကန်နစ္စတန်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်အင်ဂျင်နီယာချုပ် မက်ဖဲရစ် ကို တာလီဘန် ဘက်က ပြန်လွှတ်ပေးခဲ့ပြီး အမေရိကန်မှာမူးယစ်ဆေးဝါးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ တာလီ ဘန်နဲ့ ဆက်နွယ်နေသူ အာဖဂန် လူမျိုးခေါင်းဆောင်တစ်ဦးနဲ့ အလဲအလှယ် ပြုလုပ်ခဲ့တယ်လို့ တာလီဘန် ယာယီနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ အင်ဂျင်နီယာချုပ်ဖဲရစ်နဲ့အာဖဂန်ခေါင်းဆောင် ဘစ်ရှဲနော်ဇိုင်းကို ကာဘူးလ်မြို့လေဆိပ်မှာ အလဲအလှယ်ပြုလုပ်ခဲ့ကြတယ်လို့ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ…

ရုရှားကိုထောက်ခံရင် တရုတ်မှာရှိတဲ့ရင်းနီးမြှုပ်နှံမှုတွေရပ်ပစ်မယ်လို့ ဘိုင်ဒန်ပြော

ဝါရှင်တန် – စက်တင်ဘာ(၂၀) တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်တာဟာ အလွန်ကြီးမားတဲ့ အမှားတစ်ခုဖြစ်တယ်လို့ သတိပေးထားပြီး ယူကရိန်း ကိုကျူးကျော်ဖို့အတွက် တရုတ်ရဲ့ လက်နက်ထောက်ပံ့ထားတဲ့အရိပ်အယောင်တော့ မတွေ့ရ သေးဘူးလို့ သမ္မတဂျိုးဘိုင်ဒန် ကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားနိုင်ငံအိုလံပစ်ပွဲတော်မှာ သမ္မတပူတင်နဲ့ ရှီတို့တွေ့ဆုံပြီး မကြာခင်မှာ တရုတ်ခေါင်းဆောင်နဲ့ ဆက်ပြီးစကားပြောဆိုခဲ့တယ်လို့ ဘိုင်ဒန်က အင်တာဗျူးတစ်ခုမှာ ပြောဆိုထားတာပါ။ “သိပ်မကြာခင်မှာဘဲ…