မော်စကို – စက်တင်ဘာ(၁၈) 

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့်  ရုရှားအစီအစဉ်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ သမ္မတဗလာဒီမာပူတင်က သူ့ရဲ့ ပထမဆုံးလူထုမှတ်ချက်မှာ ပြောခဲ့ပါတယ်။ 

အရှေ့မြောက်-ခါကိဗ်ဒေသမှာ ခြောက်ရက်အတွင်းယူကရိန်း တပ်ဖွဲ့ဝင်တွေ စတုရန်းကီလိုမီတာ (၈၀၀၀) ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒွန်ဘတ်စ်ဒေသကို ထိုးစစ်ဆင်မှုဟာ လမ်းကြောင်းမှန် ပေါ်မှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ ပြောခဲ့တာပါ။ 

“ဒွန်ဘာ့စ်မှာ ကျွန်တော်တို့ရဲ့ ထိုးစစ်ဆင်မှုတွေက ရပ်မသွားပါဘူး။ သူတို့က အရှိန်အဟုန်နဲ့ ရှေ့ကို တိုးနေတယ်၊ ဒါပေမယ့် သူတို့က နယ်မြေတွေကို တဖြည်းဖြည်းနဲ့ ပိုပိုပြီး သိမ်းပိုက် နေပါတယ်” လို့ ဥဇဘက်ကစ္စတန် ထိပ်သီးအစည်းအဝေးအပြီးမှာ ပူတင်က ပြောခဲ့ပါတယ်။ 

ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘာ့စ်စက်မှုဒေသဟာ ရုရှားကျူးကျော်မှုရဲ့ အဓိကနေရာဖြစ်ပြီး ရုရှားစကားပြောသူတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေကယ်တင်ဖို့ လိုအပ်တယ်ဆို့ပြီး ပူတင် ကမှားယွင်းပြောဆိုထားတာပါ။ 

ဒွန်ဘာ့စ်နေရာတစ်ချို့ကို ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တည်းက သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး ယူကရိန်းရဲ့ တန်ပြန်တိုက်ခိုက်မှု စတင်ခဲ့တဲ့ ခါကိဗ်ဒေသဟာ ဒွန်ဘာ့စ်ရဲ့ နယ်မြေထဲမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

“ရုရှားစစ်တပ်က လုံးလုံးလျားလျား တိုက်ခိုက်နေတာ မဟုတ်ဘူး၊ ကျွမ်းကျင်တဲ့ စစ်တပ်ကသာ တိုက်ခိုက်နေတယ်ဆိုတာ အသိပေးချင်တယ်” လို့ မစ္စတာပူတင်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရုရှားစစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ယူကရိန်းမှာတိုက်ခိုက်နေတာဖြစ်ပြီး ယူကရိန်းရဲ့ တန်ပြန်တိုက်ခိုက်မှုတွေဆက်ရှိနေရင် ပိုမိုပြင်းထန်ရဲ့ တုံ့ပြန်မှုတွေရှိလာမှာဖြစ်တယ် လို့ သူက ပြောပါသေးတယ်။ 

ရုရှားဟာ လက်ရှိအချိန်ထိ ယူကရိန်းကို စစ်ကြေညာတာမလုပ်သေးဘဲ သူတို့ရဲ့ ကျူးကျော်မှု တွေကိုတော့ အထူးစစ်ဆင်ရေးလို့သာ ပြောဆိုထားတွေရှိနေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ရုရှားရဲ့ ဆုံးရှုံးမှုတွေကြောင့် ကရင်မလင်ကို ထောက်ခံတဲ့ မှတ်ချက်ပေးသူတချို့ဟာ တပ်ဖွဲ့ဝင်တွေ ပိုမိုစုဆောင်းဖို့ တောင်းဆိုခဲ့ကြသလို မကြာခင်ကပေါက်ကြားခဲ့တဲ့ ရုပ်သံဖိုင်မှာလဲ ရုရှားဟာ စစ်တိုက်လိုတဲ့ အမျိုးသား လုံလုံလောက်လောက်ရှာဖွေဖို့ ပုဂ္ဂလိက စစ်ကုမ္ပဏီတစ်ခု မှာအကျဉ်းသားစုဆောင်းနေတာကိုပြသထားပါတယ်။ 

လာမယ့်သီတင်းပတ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို လာရောက်ခဲ့တဲ့ သမ္မတပူတင်ဟာ တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံထားပြီး အနောက်နိုင်ငံတွေ ရဲ့ ရှောင်ဖယ်တာတွေကိုခံနေရပြီးနောက် အာရှနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ လုပ်ဆောင်နေပါတယ်။ 

အဲ့ဒီအစည်းအဝေးမှာ ခေါင်းဆောင်တွေက ကျူးကျော်မှုကို စိုးရိမ်တယ်လို့ ပြောဆိုခဲ့ကြပြီး လက်ရှိအချိန်ဟာ စစ်တိုက်ရမယ့် အချိန်မဟုတ်တော့ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပူတင် ကို ပြောခဲ့ပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.