ဂျာကာတာ၊ စက်တင်ဘာ (၁၈)

Google Play ရှိ ဆော့ဖ်ဝဲလ်များ ဝယ်ယူရာတွင် ပေးချေမှုကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယုံကြည်မှု ချိုးဖောက်ခံရတယ်လို့ဆိုကာ အင်ဒိုနီးရှား အာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ အကြီးစားအင်တာနက်ကုမ္ပဏီဖြစ်တဲ့ Google Play ဟာ ငွေပေးချေစနစ်၊ ဝယ်ယူသူသတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံအများအပြားမှာ တရားဝင်စစ်ဆေးမှုခံယူနေရတာပါ။

“Google အနေနဲ့ အင်ဒိုနီးရှားမှာ ဒစ်ဂျစ်တယ် အက်ပလီကေးရှင်း ဖြန့်ဖြူးရေးသတ်မှတ်ရောင်းချမှုနဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ အလေ့အထတွေနဲ့ အလွဲသုံးစားလုပ်ခဲ့တယ်” လို့ သံသယရှိခဲ့ကြောင်း ဂျကာတာရှိ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

Google Play ဟာ လူဦးရေ သန်း ၂၇၀ ဝန်းကျင်ရှိသော အင်ဒိုနီးရှားမှာ အကြီးဆုံး အက်ပ်ဖြန့်ချီရေးပလပ်ဖောင်းတစ်ခုလည်း ဖြစ်တာပါ။

ပြင်ပဆော့ဖ်ဝဲလ် အင်ဂျင်နီယာတွေဟာ  အခြားသော စနစ်တွေမှာ သတ်မှတ်ချက် ၅ ရာခိုင်နှုန်းထက် ပိုပြီး ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ Google Play သို့ ပေးဆောင်နေရကြောင်း ကနဦးစိစစ်မှုများအရ သိရပါတယ်။ 

“သက်ဆိုင်ရာ developer တွေဟာ သူတို့ရဲ့ အက်ပ်လီကေးရှင်းတွေကို Google Play စတိုးမှ ဖယ်ရှားခံရခြင်း၊ အပ်ဒိတ်များ ပြုလုပ်ခြင်းမှ တားဆီးခံရနိုင်ခြင်း စတဲ့ Google ဘက် မှ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နေပြီး သက်ဆိုင်ရာ developer တွေကလည်း အဆိုပါအခြေအနေတွေကို ငြင်းဆန်နိုင်ခြင်း မရှိဘူး” လို့ စုံစမ်းရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဆော့ဖ်ဝဲလ် Developer တွေကို ဘယ်လို ပံ့ပိုးပေးနေကြောင်း သရုပ်ပြနိုင်ဖို့အတွက်  အင်ဒိုအာဏာ ပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ကြောင်း Google အင်ဒိုနီးရှားက ပြောခဲ့တာပါ။ 

Google  အနေနဲ့ အသုံးပြုနေဆဲ ဖြစ်တဲ့ လက်ရှိငွေပေးချေစနစ်နဲ့ အတူ အခြားသော ပေးချေမှုနည်းလမ်းကိုလည်း ရှေ့ပြေးအနေနဲ့  ယခုလအစောပိုင်းကတည်းက စတင်ထားခဲ့တယ်လို့ ဆိုပါတယ်။

Google ဟာ အလားတူစွပ်စွဲမှုများနှင့် အတူ အမေရိကန်၊ ဥရောပနှင့် အာရှတို့မှာလည်း တရားရေးဆိုင်ရာ အတားအဆီး တွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် တောင်ကိုးရီးယားအစိုးရကလည်း  Android စနစ်နှင့် ပတ်သက်တဲ့ အလားတူကိစ္စတွေမှာ သူ့ရဲ့ ဈေးကွက်အနေအ ထားကို အလွဲသုံးစားလုပ်တယ်လို့ ဆိုတာ Google ကို အမေရိကန်ဒေါ်လာ သန်း ၁၈၀ နီးပါး ဒဏ်ရိုက်ခဲ့ပါတယ်။

Ref, Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.