တိုကျို – ဩဂုတ်(၂၇)

ဂျပန်နိုင်ငံက သီရိလင်္ကာရဲ့ ကြွေးမြီအကြပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကာ ချေးငွေထောက်ပံ့ပေးနိုင်သူတွေနဲ့ သက်ဆိုင်တဲ့ ညီလာခံတစ်ရပ်ကျင်းပဖို့ ကြိုးပမ်းနေပေမယ့် ဆွေးနွေးပွဲတွေဟာ မရေရာမှုတွေရှိနေတယ်လို့ ပညာရှင်တွေက ဝေဖန်ထားပါတယ်။ 

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွာဆုံးကြွေးမြီအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံကို ကယ်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ချေးငွေထောက်ပံ့ပေးကြမယ့် နိုင်ငံအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကို ဂျပန်မှာ လက်ခံကျင်းပဖို့ စီစဉ်ထားပေမယ့် ချေးငွေကို အမြင့်ဆုံး ပေးအပ်ထားတဲ့ တရုတ်နဲ့ သီရိလင်္ကာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပြတ်သားမှု မရှိသေးဘူး လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို ပြောဆိုထားပါတယ်။ 

သီရိလင်္ကာရဲ့ ကြွေးမြီဖြေရှင်းဖို့လုပ်ငန်းစဉ်အရှိန်မြှင့်မယ်ဆိုရင် ဂျပန်နိုင်ငံကအဲ့ဒီအစည်းအဝေး ကို ဦးဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းရင်းမြစ်က ဆိုထားပါတယ်။ 

သမ္မတရာနေးလ် က သီရိလင်္ကာအနေနဲ့ ကြွေးမြီကိစ္စအတွက်ဆွေးနွေးဖို့ ချေးငွေထောက်ပံ့ပေး နိုင်တဲ့အဓိကနိုင်ငံတွေကို ဖိတ်ကြားဖို့ ဂျပန်နိုင်ငံကို တောင်းဆိုမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာကိုပြောထားပါတယ်။ 

သီရီလင်္ကာသမ္မတသစ်အနေနဲ့ လာမယ့်လမှာကျင်းပမယ့် ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေး ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ပြီး တိုကျိုမှာ လက်ရှိဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနဲ့ ဆွေးနွေး ဖို့ရှိတယ်လို့ သိရပါတယ်။ 

ချေးငွေဒုတိယအမြင့်ဆုံးထိ ထောက်ပံ့ပေးတဲ့ ဂျပန်အနေနဲ့ သူတို့ရဲ့ ချေးငွေဒေါ်လာ (၃) ဘီလျံ ကိုပြန်လည်ရယူဖို့သာမကပဲ ဒေသတွင်း တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုကို သံတမန်ရေး နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ စိတ်ဝင်စားနေတာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကြွေးမြီဒေါ်လာ (၂၉) ဘီလျံအပါအဝင် နိုင်ငံတကာ ကြွေးမြီကုစားဖို့အတွက် သီရိလင်္ကာရဲ့ လက်ရှိသမ္မတ ရာနေးလ်နဲ့ ဩဂုတ်လ(၂၄) ရက်မှာ တွေ့ဆုံထားပါတယ်။ 

ချေးငွေပေးအပ်ထားတဲ့ နိုင်ငံတွေအနေနဲ့ သီရိလင်္ကာကို ကြွေးမြီနွံထဲက အတူတကွ ဆွဲထုတ်ဖို့ အခင်းအကျင်းအသစ် တစ်ရပ်လိုအပ်တယ်လို့ ဂျပန်က ယုံကြည်နေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက၊သီရိလင်္ကာဗဟိုဘဏ်နဲ့ IMF ပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.