August 26, 2022

“မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး”

မန္တလေး – ဩဂုတ်(၂၆) ဒီနေ့ ဩဂုတ်လ(၂၆) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး “မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး” ဆိုခဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

” ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား “

ယင်းမာပင် – ဩဂုတ်(၂၆) ဒီနေ့ ဩဂုတ်လ(၂၆) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး ညောင်ပင်ကြီး-ဂန့်ဂေါ လမ်းမမှာ ” ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား ” ဆို တဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ကျေးရွာထဲကို ဝင်ပစ်လို့ ပြည်သူတွေကျည်ထိမှန်ဒဏ်ရာရ

ဖယ်ခုံ – ဩဂုတ်(၂၆) ကရင်နီပြည်နယ် ဖယ်ခုံမြို့ လွယ်ပေါ်ကျေးရွာထဲကို စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒေသခံတစ်ဦး ကျည်ထိမှန်မပြီး ပြည်သူတွေဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ရင်းက ပြောပါတယ်။ ဆောင်နန်းခဲရွာနဲ့ လွယ်မကူးတောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့(၂) ဖွဲ့ခွဲပြီး ကျေးရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အတွက် အသက်(၄၀) အရွယ်အမျိုးသား တစ်ဦး လက်မောင်းမှာ ကျည်ထိမှန်ခဲ့တာပါ။ ရွာသားတွေရွာထဲပြန်ဝင်လာလို့…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲခံရတာကြောင့် သေဆုံး

ကျိုက်ထို ၊ သြဂုတ် (၂၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာ၊ မရမ်းချောင်အောက်စု၊ ဥသျှဉ်ခြံကွေ့ ရတနာငွေမိုးပန်းဆိုင်လမ်းကြားမှာ စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၂၆ ရက်နေ့ မနက် ၆ နာရီလောက်က ဥသျှဉ်ခြံကွေ့ ရတနာငွေမိုးပန်းဆိုင်လမ်းကြားမှာ မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းအရ…

ဒေါ်လာနဲ့ ဘတ်ဈေးနှုန်း စံချိန်တင် ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၂၆) စစ်ကောင်စီက သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ အပါအဝင် ဒေါ်လာငွေ ထိန်းချုပ်မှုတွေကြောင့် သြဂုတ် ၂၆ ရက်နေ့မှာ ဒေါ်လာနဲ့ ဘတ်ဈေးနှုန်း စံချိန်တင် ထပ်မံ မြင့်တက်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပေမယ့် ပြည်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို…

တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ပရာယွတ်ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးတက်မယ်

ဘန်ကောက် – ဩဂုတ်(၂၆) တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အနေနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။ အသက်(၆၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ သက်တမ်းကို ပြန်လည်သုံးသပ်ဖို့ တာဝန်က ယာယီဆိုင်းငံ့ခံထားရပေမယ့် ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေတော့ အနားယူတာမရှိသေးပါဘူး။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအာဏာရလာခဲ့တဲ့ စစ်တပ်အကြီးအကဲဖြစ်ပြီး (၈) နှစ်သက်တမ်းဖြစ်လာတဲ့…

ဇူလိုင်လအတွင်း ငလျင်လှုပ်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရသော ဖိလစ်ပိုင်မှာ အပူပိုင်း မုန်တိုင်း မန်အွန် ထပ်မံတိုက်ခတ်

မနီလာ ၊ သြဂုတ် (၂၆) ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း မာအွန် သည် ဩဂုတ် ၂၅ ရက်ရက်နေ့မှာ တိုက်ခတ်ခဲ့ပြီး တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းသို့ ဦးတည်သွားကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေး အန္တရာယ်အေဂျင်စီက ကြာသပတေးနေ့ (သြဂုတ် ၂၅ ရက်)နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် မြောက်ပိုင်းပြည်နယ် ကာလင်ဂါ နှင့် ကာဂါယန် တို့မှာသစ်ပင်ပြိုကျပြီး လူနှစ်ဦး…