August 25, 2022

အသက်မပြည့်သေးတဲ့ကလေးငယ်အပါအဝင် မိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့ YDF(SAW) ကို ဆန္ဒပြ

ဆော – ဩဂုတ်(၂၅) မကွေးတိုင်းဆောမြို့မှာ အသက်မပြည့်သေးတဲ့ ကလေးအပါအဝင် မိသားစုလိုက်သတ်ဖြတ်ပြီး ပစ္စည်းတွေလုယက်ခံလိုက်ရတဲ့အတွက် YDF(SAW) အဖွဲ့ကို ဒေသခံတွေက ရှုတ်ချခဲ့ကြပါ တယ်။ ပြီးခဲ့တဲ့ဩဂုတ်လ(၂၁) ရက်နေ့ က YDF(SAW) အဖွဲ့ဟာ ပျူစောထီးတွေ အစည်းအဝေး လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိသားစုဝင်အားလုံးကို သတ်ဖြတ်ပြီး ပစ္စည်းတွေ ကိုလုယက်ခဲ့တဲ့အတွက် အခုလိုရှုတ်ချတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီလိုကိစ္စမျိုးကိုတော့ ကျွန်တော်တို့ဒေသခံတွေကလက်မခံပါဘူး။…

ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းဖြစ်သူကို လဝကဥပဒေချိုးဖောက်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

ရန်ကုန် – ဩဂုတ်(၂၅) မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း ဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းတို့ကို အာဏာသိမ်းစစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို ဖောက်ဖျက် နေထိုင်လို့ ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်နေ့ ညပိုင်းက သူတို့ဇနီးမောင်နှံကို ရန်ကုန်မြို့က သူတို့ရဲ့ နေအိမ်မှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ခေါ်ဆောင်သွားတာပါ။ မစ္စဗစ်ကီဘိုးမန်းဟာ မြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်…

ရေးတံတားပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး (၅)ဦးလောက်သေဆုံးခဲ့

ရေး – ဩဂုတ်(၂၅) မွန်ပြည်နယ် ရေးမြို့နဲ့(၃) မိုင်အကွာက ရေး-ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ ရေးတံတားပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီနေ့ ဩဂုတ်လ(၂၅) ရက်နေ့ မနက်ပိုင်းက ရေးဘီလူး အဖွဲ့က တိုက်ခိုက်ခဲ့လို့ (၅) ဦးလောက်သေဆုံးခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီနေ့မနက်(၁၀) နာရီလောက်က ရေးဘီးလူးအဖွဲ့က အင်အားသုံးပြီး ဝင်ရောက်ပစ်ခက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိခဲ့တာပါ။ “မနက်က ရေးတံတား…

ဘီးလင်းမြို့မ ရဲစခန်း တိုက်ခိုက်ခံရ

ဘီးလင်း ၊ သြဂုတ် (၂၅) မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ စစ်ကောင်စီ ဘီးလင်းမြို့မရဲစခန်းဟာ သြဂုတ် ၂၅ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီမြို့မရဲစခန်းကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲစခန်းအတွင်း ပေါက်ကွဲမှု…

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေတဲ့ ” မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရ ”ဆိုတဲ့ သတင်းကို…

ပုလောမှာ စစ်ကောင်စီတပ်သားတွေတစ်နေ့တည်း (၃) ကြိမ် တိုက်ခိုက်ခံရ

ပုလော – ဩဂုတ်(၂၅) တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်တစ်ရက်တည်းမှာ တိုက်ခိုက်မှုတစ်ကြိမ်နဲ့ မိုင်းဖောက်ခွဲမှု (၂) ကြိမ်ပြုလုပ် ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ “တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်၊ နှစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊…

ဂျပန်နိုင်ငံသည် စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေဖို့ နျူကလီးယားစွမ်းအင်သို့ ပြန်လည်စတင်ရန် အချက်ပြနေ

တိုကျို ၊ သြဂုတ် (၂၅) ဂျပန်နိုင်ငံသည် ဖူကူရှီးမားဘေးအန္တရာယ်အပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ ရပ်နားထားရတဲ့ နျူကလီးယားစက်ရုံတွေကို ပြန်လည်စတင်မည်ဖြစ်ပြီး ဓာတ်ပေါင်းဖိုအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ကြည့်ရှုမည်ဖြစ်ကာ နျူကလီးယားစွမ်းအင်ဆိုင်ရာ မူဝါဒအပြောင်းအလဲအတွက် အဆင့်ကို သတ်မှတ်ခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ အစိုးရအနေဖြင့် လက်ရှိ ဓာတ်ပေါင်းဖိုတွေရဲ့ သက်တမ်းကို တိုးမြှင့်ရန် စောင့်ကြည့်မယ်လို့ ပြောကြားခဲ့တဲ့ ကီရှီဒါရဲ့…

သီရိလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ စက်တင်ဘာလအစောပိုင်းမှာ ဇာတိမြေပြန်ဖွယ်ရှိနေ

ကိုလံဘို – ဩဂုတ်(၂၅) သီရိလင်္ကာသမ္မတဟောင်း ဂိုဒါဘာရာ ရာဂျာပက်ဆာ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက လူထုအုံကြွမှု ကြောင့် ထွက်ပြေးလာပြီးနောက် လာမယ့် နှစ်ပတ်အတွင်း သီရိလင်္ကာကို ပြန်ဖို့ ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။ မွေးရပ်မြေနိုင်ငံကို ပြန်ဖို့ ကြိုးပမ်းနေတာဟာ ထိုင်းနိုင်ငံမှာ သူ့ရဲ့ နေထိုင်စရိတ်နဲ့ တစ်စိတ်တစ် ပိုင်း ဆက်စပ်နေနိုင်တယ်လို့…

ယူကရိန်း ဆန်တင်ပို့မှု ပုံမှန်အခြေအနေဖြစ်ဖို့ နီးစပ်မှုတွေရှိလာပြီလို့ အမေရိကန်ဆို

ကီးယက် – ဩဂုတ်(၂၅) စားနပ်ရိက္ခာပြတ်လပ်မှု လျော့ပါးသက်သာစေဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေအတွက် အောင်ပွဲ တစ်ခုအနေနဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားကျုးကျော်မှုမတိုင်ခင်ကအတိုင်း ဆန်တင်ပို့မှု လုပ်နိုင်မယ့် လမ်းကြောင်းပေါ်ပြန်ရောက်နေပြီလို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကြောင့် ယူကရိန်းဟာ ဩဂုတ်လမှာ စိုက်ပျိုးရေးထွက်ကုန် မက်ထရစ်တန်လေးသန်းအထိ တင်ပို့ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီလို့ အမေရိကန်နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတစ်ဦးက AFP ကို ပြောဆိုခဲ့တာပါ။…