နယူးယောက်၊ သြဂုတ် ၁၇

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ အီလွန်မက်စ်က အင်္ဂလန်အခြေစိုက် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို ဝယ်ယူသွားမယ်လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

အီလွန်မက်ရဲ့ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမယ်ဆိုတဲ့ ရေးသားချက်ဟာ အမှန်တကယ်လုပ်ဆောင်ဖို့ ဘယ်လောက်ထိရှင်းရှင်းလင်းလင်းရှိနေသလဲဆိုတာကိုတော့ အတိအကျမပြောနိုင်နေပါဘူး။

ကျွန်တော် မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို ဝယ်ယူသွားမယ်ဆိုတာကိုတော့ အီလွန်မက်စ်က တွစ်တာမှာ ရေးခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကို အမေရိကန်က ဂလေဇာမိသားစုက ပိုင်ဆိုင်မှုကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဗြိတိသျှသတင်းစာဖြစ်တဲ့ ဒေးလီးမေလ်ကတော့ ပြီးခဲ့တဲ့နှစ် သတင်းအစီရင်ခံမှုတခုမှာ ဂလေဇာမိသားစုက မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် လေးဘီလီယံနဲ့ ရောင်းချဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ပရိတ်သတ်အားပေးမှုမြင့်နေတဲ့ ကမ္ဘာကျော်ဘော်လုံးအသင်းတခုလည်းဖြစ်နေပါတယ်။

အင်္ဂလန်ချန်ပီယံအဖြစ် အကြိမ် (၂၀)လောက်ရရှိခဲ့သလို ဥရောပဖလားလည်း ရရှိခဲ့ (၃)ကြိမ်တိုင်ရရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ စတော့ဈေးကွက်မှာတော့ တန်ဖိုးငွေ ၂.၀၈ သန်းရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ မန်ယူပရိတ်သတ်တွေဟာ ၂၀၀၅ ခုနှစ်မှာ အသင်းကို ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့တဲ့ ဂလေဇာမိသားစုကို ဆန္ဒပြနေပါတယ်။

မန်ယူပရိတ်သတ်အချို့ကတော့ အီလွန်မက်စ်ကို တွစ်တာအစား မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူစေဖို့ ဆန္ဒရှိနေပါတယ်။

ရင်းမြစ် – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.