မော်လမြိုင် – ဩဂုတ်(၁၆)

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှအသုံးပြုပြီး အချိန်မီထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ နယ်စပ် ဒေသက တိုင်းရင်းသားပြည်သူတွေ စစ်ဘေးသင့်ပြည်သူတွေ၊အကြမ်းဖက်စစ်ကောင်စီရဲ့ ဘေးအန္တရာယ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ၊ အသက်(၅) နှစ်အောက်ကလေးငယ်တွေ ပုံမှန်ရရှိသင့်တဲ့ ကာကွယ်ဆေးတွေအပါအဝင် လူသားချင်စာနာထောက်ထားမှုဆိုင်ရာအကူအညီ အထောက်အပံ့တွေကို ပြည်သူ့အခြေပြုမူဝါဒ(၃) ရပ်နဲ့ အညီထိထိရောက်ရောက်နဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ NUG က တိုက်တွန်းထားတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်(၁) နှစ်အောက် ကလေးဦးရေ (၉) သိန်းခွဲ ရဲ့ တစ်ဝက်ကျော်ဟာ ပုံမှန်ကာကွယ်ဆေးတွေအပြည့်အဝထိုးနှံနိုင်တာမရှိသေးသလို တိုင်းရင်း သား ဒေသတွေအပါအဝင်မြန်မာနိုင်ငံအနှံ့မှာအသက်(၅) နှစ်အောက်ကလေးငယ်တွေဟာ ပုံမှန်ရရှိသင့်တဲ့ ကာကွယ်ဆေးတွေကို မရရှိကြဘဲ ကာကွယ်ဆေးနဲ့ ကာကွာနိုင်မယ့် ရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေး၊ကလေးငယ် တွေအတွက် ပုံမှန်ရရှိသင့်တဲ့ကာကွယ်ဆေးတွေအပါအဝင် ကျန်းမာရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေ ရရှိဖို့အတွက် ကုလသမဂ္ဂအဖွဲ့ အစည်း တွေ၊အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေတာတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးလုပ်သားတွေ၊ဆေးရုံ/ဆေးခန်း လူနာတင်ယာဉ် တွေအပါအဝင်၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က နှုတ်ဆိတ်ပြီး မနေဖို့နဲ့ မြန်မာ ကျန်းမာရေး လုပ်သားတွေကို အကာအကွယ်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကို စာနဲ့ အကြမ်ကြိမ်ဆက်သွယ်အသိပေးတောင်းဆိုထားတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကာကွယ် ဆေးထိုးနှံတဲ့ လုပ်ငန်းတွေအပြင် ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီအထောက်အပံ့တွေကို (က) ပြည်သူသာအဓိက ဖြစ်ရမည်၊(ခ)ပွင့်လင်းမြင်သာမှု ရှိရမည်၊(ဂ) ညီမျှသော ဆက်ဆံမှုရှိရမည် ဆိုတဲ့ ပြည်သူအခြေပြုမူဝါဒ (၃) ရပ်နဲ့အညီ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.