ဝါရှင်တန် – ဩဂုတ်(၆) 

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ က ထိုင်ဝမ်ကို တရုတ်က အထီးကျန်အောင် ခွဲထုတ်ဖို့လုပ်ဆောင်နေတာကို အမေရိကန်နိုင်ငံက ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဩဂုတ်လ(၅) ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံဟာ (၂၅) နှစ်တာ ကာလအတွင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးရဲ့ ခရီးစဉ်အပြီး ကျွန်းနိုင်ငံတစ်ဝိုက်မှာ အကြီးမားဆုံးစစ်ရေးလေ့ကျင်မှုတွေကို စတင်လာခဲ့တာပါ။ 

တိုကျိုကိုရောက်ရှိနေတဲ့ မစ္စပီလိုစီဟာ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တိုက်ရိုက်မပြောဆို ပေမယ့် အမေရိကန်နိုင်ငံရေးသမားတစ်ဦးအနေနဲ့ ထိုင်ဝမ်ကို လွတ်လပ်စွာ ခရီးသွား နိုင်သင့် တယ်လို့ ပြောဆိုခဲ့ပါတယ်။ 

“ထိုင်ဝမ်ကိုခရီးသွားခွင့် မပေးဘူးဆိုတဲ့ သ‌ဘောထားမှတ်ချက်နဲ့တင် ထိုင်ဝမ်နိုင်ငံဟာ ထီးထီးတည်း အထီးကျန်သွားမှာမဟုတ်ပါဘူး”လို့ ပီလိုစီ က ထပ်မံပြောဆိုခဲ့ပါတယ်။ 

အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးဟာ ဥပဒေသဘောတူညီချက်အတိုင်းဖြစ်ပြီး ထိုင်ဝမ်ရေ လက်ကြားငြိမ်းချမ်းရေးရစေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ထိုင်ဝမ်ကို အကျိုးပြုချက်ဟာ အမေရိကန်အကျိုးစီးပွားနဲ့ သက်ဆိုင်လားဆိုတဲ့ မေးခွန်း ကိုတော့ ဒါက ငါ့အကြောင်းမဟုတ်ဘူး။အဲ့ဒါတွေက သူတို့အကြောင်းပဲ” လို့ တုံ့ပြန်ခဲ့ ပါတယ်။ 

အသက်(၈၂) နှစ်အရွယ်အမေရိကန်နိုင်ငံရေးသမားဟာ နျူကလီးယား ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနယ်စပ်ကို သွားရောက်ပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက် ကင်းစင်ရေး ထောက်ခံမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။ 

နန်စ်ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ(၅) ရက်နေ့ မနက်ပိုင်းမှာ ထိုင်ဝမ်ကျွန်းတစ်လျှောက် တရုတ်ရဲ့ စစ်ရေးလေ့ကျင့် မှုကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနဲ့လည်း တွေ့ဆုံခဲ့ပါ တယ်။ 

“ဒီတခေါက် တရုတ်ရဲ့ လုပ်ရပ်တွေက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိပါတယ်” လို့  မစ္စကီရှီဒါက  သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။  

Ref: The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.