မော်လမြိုင် – ဩဂုတ်(၆)

မြန်မာနိုင်ငံက ကလေးငယ်တွေကို ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေလို လူ့အခွင့်အရေးတွေ ရရှိဖို့ အတွက် မိတ်ဖက်အဖွဲ့အစည်းတွေ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါ တယ်။

Southeast Asian Ministers of Education Organization, Regional Center for Food and Nutrition (SEAMEO RECFON) က ဦးစီးကျင်းပတဲ့ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုမြှင့်တင်ရေး ဆိုင်ရာ အရှေ့တောင်အာရှဒေသတွင်းဆွေးနွေးပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံရှိကလေးငယ်များသည် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များအားလုံးနည်းတူ ကျန်းမာသန်စွမ်း၍ အဟာရပြည်ဝရေး၊ ကာကွယ်ဆေးအကြိမ်ပြည့်ရရှိရေး၊စားနပ်ရိက္ခာ ဖူလုံမှုရှိရေး စသည့်လူ့အခွင့်အရေးတွေကို ရရှိသင့်သည်ဖြစ်ရာ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၊ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနဲ့ ပညာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောခဲ့ပါတယ်။

ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုမြှင့်တင်ရေးဆိုင်ရာ အရှေ့တောင်အာရှ ဒေသတွင်းဆွေးနွေးပွဲ ကို ပြီးခဲ့တဲ့ ဩဂုတ်လ(၁) ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Regional Forum ကို မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ စတဲ့ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံ (၉) နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၆၁) ဦး တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Ministry of Health, National Unity Government of myanmar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.