မော်လမြိုင် – ဩဂုတ်(၄)

ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ပြည်သူ့ရဲတပ်ဖွဲ့လုပ်ငန်းတွေမြေပြင်မှာ ထိထိရောက်ရောက်ဆောင် ရွက်နိုင်အောင် စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းပြုစုပြီး တရားစီရင် နိုင်ဖို့ ဆောင်ရွက် ကြရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးဝန်ကြီး ဦးလွင်ကို လတ်က ပြောဆိုခဲ့ပါတယ်။ စစ်ကိုင်တိုင်းနဲ့ မကွေးတိုင်းက ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံပွဲမှာ ဝန်ကြီးက အခုလိုပြောဆိုခဲ့တာပါ။ “နယ်မြေတွေကို စိုးမိုးထိန်းချုပ်နိုင်ရေးက လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် များစွာအရေးပါ တယ်။ ဖွဲ့စည်းထားရှိပြီးဖြစ်တဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တွေကိုလိုအပ်တဲ့ သင်တန်းတွေ ပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေကြတယ်။ လက်ရှိကာလမှာ ပြည်သူလူထုရဲ့ လူမှုဘဝ လုံခြုံရေးအ တွက် မိမိတို့ရဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအနေနဲ့ ဝိုင်းဝန်းစုစည်းညီညွတ်စွာနဲ့ ကြိုးစားကြစေဖိုတယ်” လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောခဲ့ပါတယ်။ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်နဲ့အတူ အမြဲတမ်းအတွင်းဝန်၊တွဲဘက်အတွင်း ဝန်၊ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေ၊ ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲချုပ်နဲ့ တခြားရဲအရာရှိတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့က လက်ရှိဆောင်ရွက်နေတာတွေ၊မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေကို စနစ်တကျ ဖွဲ့စည်းထားရှိစေဖို့ ကိစ္စရပ်တွေ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ် ဆောင်နိုင်ရေးကိစ္စရပ်တွေနဲ့ အမှုအခင်းကိစ္စရပ်တွေကို နည်းလမ်းတက် ကိုင်တွယ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တွေဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.