နေပြည်တော် – ဩဂုတ်(၃)

ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေမြင့်တက်စေတဲ့ အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ များစွာ စိုးရိမ်ပူပန်မိတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ လုပ်ရပ်တွေ နဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ရည်ရွယ်တဲ့ အားထုတ် မှုတွေကို ဆန့်ကျင်တယ်လို့လည်း ဆိုထားတာပါ။ “တရုတ်က မင်းအောင်လှိုင်ရဲ့ အမေပဲ သူ့အမေကိုထိတော့မှာကိုသိလို့ ထုတ်နေတာလို့ပဲ ပြောချင် တယ်။ သူ့ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးကောင်စီတင်ရင် တရုတ်နဲ့ ရုရှားကပဲ ဗီတိုအာဏာသုံး ပေးနေတာ တရုတ်သာ စစ်ထဲဝင်သွားရင် သူလည်း မချောင်တော့ဘူး။ အဲ့ဒီအတွက်ဒီစာထုတ် တာလို့ ပြောချင်ပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါ တယ်။ ထိုင်ဝမ်ရေးလက်ကြားတစ်လျှောက်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင် တဲ့ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးတာတွေကတဆင့် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကို တောင်းဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝထောက်ခံပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ခွဲထွက်မရတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်မှတ်ယူထားတယ်လို့ ဆိုထား ပါတယ်။ဒီနေ့ ဩဂုတ်လ(၃) ရက်နေ့မှာ မြန်မာနိုင်ငံကို ရုရှားနိုင်ငံခြားရေးဝန်ကြီးလာရောက်ပြီး စစ်အုပ်စု ရဲ့ လုပ်ရပ်တွေကို ထောက်ခံတယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.