ကျိုက်ထို၊ သြဂုတ် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာ တံတားပေါ်မှာ သြဂုတ် ၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိမ်ဇရပ်)က ထုတ်ပြန်ပါတယ်။ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ဘက်ကနေ ဝင်းကံကျေးရွာကို အရပ်ဝတ်နဲ့ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး သန်းထွန်းမောင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သိမ်ဇရပ်)က အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။”ပစ်ခတ်ခံရတာက ဟုတ်တယ်၊ ပူးပေါင်းအဖွဲ့တွေက အနီးကပ်ရှင်းလင်းလိုက်တာဖြစ်တယ်၊ သူက ပဲခူးဘက်ခြမ်း တပ်ကပါ”လို့ သထုံခရိုင် PDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။သေနတ်နဲ့အနီးကပ်ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ကြပ်ကြီး သန်းထွန်းမောင်ဟာ အခင်းဖြစ်စဉ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။သေဆုံးသူဟာ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်အခြေစိုက် စစ်ကောင်စီ ခမရ(၅၈၉)တပ်ရင်းမှာ တာဝန်ထမ်းဆောင်သူဖြစ်ပါတယ်။အဲဒီပစ်ခတ်မှုကိုတော့ Local PDF Theinzayat နဲ့Gods Of Death အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Local PDF Theinzayatအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.