မော်လမြိုင် – ဩဂုတ်(၂)အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ၂၀၂၁ ခုနှစ် ဇွန်လ(၁) ရက်နေ့ကနေ၂၀၂၂ ဇွန်လ(၃၀) ရက်နေ့အထိ (၁၈၁၁၆) ဦးသေဆုံးခဲ့ပြီး (၆၁၂၈) ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ခုံခံတော်လှန်တိုက်ပွဲ (၅၃၃၇) ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူးအဆင့်ပါ သေဆုံးထားတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှုဖြစ်စဉ် (၅၅၅၀) ကြိမ်အထိ ရှိခဲ့ပြီး ပြည်သူ(၂၉၀၈) ဦး သေဆုံးကာ (၁၀၉၅၅) ဦး အဖမ်းခံထားရပြီး (၁၉၁၁) ဦး ဖမ်းဆီး ခံခဲ့ ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုင်းပြည်အာဏာကို လက်နက်နဲ့ မတရားသိမ်းယူထားတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းယူပြီး (၁၈) လကြာတဲ့အထိ ပြည်သူတွေကို လုံးဝအုပ်ချုပ်ခွင့်မရသေးတာ အရှိတရားဖြစ်နေတယ်လို့ ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ မြန်မာနာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ ဝင် (၂) သောင်းကျော်ရှိနေပြီဖြစ်တယ်လို့ ပြည်သူ့ရင်ခွင် အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.