ကျော- ဩဂုတ်-(၂)

မကွေးတိုင်းကျောမြို့နယ် ပုထိုးလုံရေနံမြေဓာတ်အားပေးစက်ရုံ အင်ဂျင်နီယာမှူးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှာက်ထားပြီး ဆေးကုသမှုပေးနေတယ်လို့ YDF-Kyaw က ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့ မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၇) ရက်နေ့က ပုထိုးလုံရေနံမြေ ဓာတ်အားပေးစက်ရုံ​ ကို YDF တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး MOGE အင်ဂျင်နီယာမှူးဖြစ်တဲ့ ဦးမင်းအောင်အပါအဝင် ဝန်ထမ်း (၂၄) ဦးကို ဖမ်းဆီးခဲ့တာပါ။ “ကျန်တဲ့လူတွေကိုလွှတ်ပေးတယ်လို့သိရတယ်။အင်ဂျင်နီယာမှူးကိုတော့ သူတို့စစ်ဆေးနေတုန်းပဲ။ ဖမ်းတဲ့နေ့တုန်းက သေနတ်အတိုတစ်လက်နဲ့ ကားလေးစီးရတယ်လို့တော့ကြားတယ်။” ဒေသခံတစ်ဦး ကသံလွင်တိုင်းမ် ကိုပြောပါတယ်။ YDF-Kyaw က ဖမ်းဆီးထားတဲ့ ဒေသခံအရပ်သားဝန်ထမ်း(၂၃) ဦးကို စစ်ဆေးမေးမြန်းပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးထားခဲ့ပြီး ဦးမင်းအောင်ကိုတော့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်ဆေးမေးမြန်းပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် MOGE အင်ဂျင်နီယာမှူးဦးမင်းအောင်ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့အတွက် လိုအပ်တဲ့ဆေးဝါးကုသခွင့်ပေးပြီး ပြုစုစောင့်ရှောက်ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂန့်ဂေါမြို့နယ် YDF ထိန်းချုပ်နယ်မြေမှာ သတင်းထောက်လှမ်းဖို့ ရောက်လာတဲ့ ရဲမေတစ်ဦး၊ရဲတစ်ဦးနဲ့ အရပ်သား(၃) ဦးတို့ကို YDF က ဖမ်းဆီးထားပြီး ရဲမေဖြစ်သူကတော့ စစ်ဆေးမေးမြန်ချိန်မှာ သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YDF-Kyaw

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.