ထီးလင်း – ဩဂုတ်(၂)

မကွေးတိုင်း ထီးလင်းမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီက မြို့ပေါ်လာတဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဩဂုတ်လ(၂) ရက်နေ့ မနက်(၉) နာရီဝန်းကျင်မှာ YDF – Htilin ကဗုံး(၃) လုံးနဲ့ တိုက်ခိုက် ခဲ့တာဖြစ်ပြီး ရဲနှစ်ဦးနဲ့ ဘဏ်မန်နေဂျာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ” မြို့ပေါ်ကိုလာသမျှလူတွေကိုလည်း ဖမ်းတယ်။ မြောက်ဘက်ကနေ ထီးလင်းကို ဝင်တဲ့လမ်းကိုလည်း ၁၄၄ ထုတ်ထားပြီးတော့ပစ်မိန့်ပေးထားတယ်လို့ကြားရတယ်” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ထီးလင်းမြို့က ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှာ ကြောက်နေလို့ အပြင်ထွက်ဖို့တောင်အဆင်မပြေဘူးလို့ သူက ပြောပါသေးတယ်။ ဂန့်ဂေါနဲ့ ဆင်စွယ်ရေမျက်နီလမ်းဖက် နေ ထီးလင်းမြို့ပေါ်ဝင်လာသူအားလုံးကို ပုဒ်မ-၁၄၄ ထုတ်ပြန်ထားပြီး ပစ်မိန့် ပေးထားတဲ့အတွက် ပြည်သူတွေ မြို့ပေါ်မသွား ကြဖို့ YDF -Htinin က သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YDF-Htilin

59593 sharesLikeCommentShare

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.