ပတ္တရား – ဩဂုတ်(၁) 

ဆေးခြောက်ကို ကျန်းမာရေးဆိုင်ရာ အသုံးပြုမှု မြှင့်တင်ပြီး ကျန်းမာရေးခရီးသွားလုပ်ငန်း (Health Tourism) စုဝင်းတဲ့ ပင်လယ်မြို့တော်ကို မီးမောင်းထိုးပြသနိုင်စေဖို့ နိုင်ငံတကာ ဆေးခြာက်ပွဲတော်ကို ပတ္တရားမြို့မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ 

စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ သက်ဆိုင်တဲ့ လူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ ဆေးခြောက် ကို ဆေးဘက်ဆိုင်ရာ အသုံးပြုမှုကို မြှင့်တင်မှာဖြစ်တဲ့အတွက် ပတ္တရားမြို့ CISW Green World Co.Ltd နဲ့ စင်ထရယ်(စင်ထန့်) ပတ္တရား အုပ်စုတို့က CISW Cann Fastival Thailand 2022 ကို ကျင်းပသွားမှာဖြစ်ပါတယ်။ 

အဲ့ဒီပွဲတော်မှာ ဆေးခြောက်က ထွက်ရှိတဲ့ ထွက်ကုန်တွေ၊ရင်းနှီးမြှုပ်နှံသူတွေအတွက် စီးပွားရေး လုပ်ငန်းတွေကိုလည်း တပါတည်းချိတ်ဆက်ပေးမယ့် အစီအစဉ်တွေနဲ့ အလှမယ်ပြိုင်ပွဲတွေ လည်းပါဝင်မှာဖြစ်ပါတယ်။ 

CISW Cann Fastival Thailand 2022 ပွဲတော်ကို ပတ္တရားမြို့က စင်ထရယ်(စင်ထန့်) ကုန်တိုက် မှာ ၂၀၂၂ ခုနှစ်စက်တင်ဘာလ(၉) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ် လို့သိရပါတယ်။ 

ထိုင်းနိုင်ငံဟာ အာရှတိုက်မှာ ဆေးခြောက်သုံးစွဲမှု၊ လက်ဝယ်ထားရှိမှုကို ပြစ်မှုမြောက်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို ရုတ်သိမ်းလိုက်တဲ့ ပထမဆုံး နိုင်ငံဖြစ်ပြီး အာဏာပိုင်တွေကလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းထဲက ပယ်ထုတ်ထားခဲ့ပါတယ်။ 

ဒါပေမယ့် သုံးစွဲသူတွေအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေ၊ စျေးဝယ်ကုန်တိုက်တွေ၊ လူစုလူဝေးနေရာတွေမှာ သုံးစွဲတာ၊ ဆေးခြောက်ကို အကြောင်းရင်း တစုံတရာကြောင့် ထိုင်းနိုင်ငံပြင်ပကို ယူဆောင်သွားတာတွေ အပါအဝင် အဓိက အချက်(၄) ချက်လိုက်နာဖို့ ပြောဆိုထားပါတယ်။ 

Ref:Time Out

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.