စင်ကာပူ၊ သြဂုတ် (၂)

စင်ကာပူနိုင်ငံမှာ အမျိုးသားချင်း လိင်ဆက်ဆံခြင်းသည် ရာဇဝတ်မှုကျူးလွန်သည်ဟူသော ကိုလိုနီ ခေတ်ဥပဒေသည် မည်သို့သော လက်ထပ်မှုမျိုးကိုမဆို ကာကွယ်ပေးမယ်ဆိုတာ အကြီးတန်းဝန်ကြီးမှ အာမခံထားသော စင်ကာပူနိုင်ငံရှိ  လူထုအကြား ဆွေးနွေးမှုမြင့်တက်နေပါတယ်။

ဥပဒေနှင့် ပြည်ထဲရေးဝန်ကြီး K.Shanugam ရဲ့ ပြောဆိုချက်အရ အစိုးရအနေဖြင့် ယင်းစည်းမျဥ်းကို ပြန်လည် သုံးသပ်နေချိန်မှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ တရားဝင်မှုကို တရားရုံးများမှာ စိန်ခေါ် ခြင်းမခံရအောင် ဘယ်လိုကာကွယ်ရမည်ကို စဥ်းစားနေပါတယ်” လို့ ဆိုပါတယ်။ 

ကမ္ဘာတဝှမ်းရှိ နိုင်ငံအချို့မှာ လိင်တူလက်ထပ်ခြင်းကို အသိအမှတ်ပြုရန် ကြိုးပမ်းနေပေမယ့် စင်ကာပူက လိင်တူချင်းလက်ထပ်ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် လိင်တူချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်တူချစ်သူအသိုင်းအဝိုင်းများ ပိုမိုပါဝင်လာအောင် မည်သို့လုပ်ဆောင်ရမည်ကို လုံးပန်းနေပါတယ်။

စင်ကာပူ ရာဇသတ်ကြီးဥပဒေပုဒ်မ 377Aလို့ခေါ်သော အမျိုးသားများကြား လိင်ဆက်ဆံခြင်းဆိုင်ရာ တားမြစ်ချက်ကို ပယ်ဖျက်ရန် ကြိုးပမ်းမှုအများအပြားသည် ယခုနှစ်များအတွင်း တရားရုံးများမှာ အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

ရှေးရိုးဆန်ပြီး ဘာသာရေးကို နက်ရှိုင်းစွာ ရှုမြင်သော ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း လိင်တူသချစ်သူသမဂ္ဂများ တရားဝင်ခွင့်ပြုပေးသည့် အရှေ့တောင်အာရှတွင် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ကိုလိုနီခေတ်ဥပဒေသည် LGBTQ အသိုက်အဝန်းအပေါ် စင်ကာပူရဲ့ ရှေးရိုးဆန်သော ရပ်တည်ချက်ကို ထင်ဟပ်ပြသခဲ့ပြီး ယခင်က ၎င်းကိုပြောင်းလဲရန် ဆွေးနွေးမှုမှန်သမျှသည် ဘာသာရေးအုပ်စုများမှ ဆန့်ကျင်ခဲ့ကြပါတယ်။

ဘာသာရေးအရ ကွဲပြားသော စင်ကာပူနိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာ စင်ကာပူနိုင်ငံသား ၁၉ ရာခိုင်နှုန်းခန့်သည် ခရစ်ယာန်ဘာသာဝင်အဖြစ် သတ်မှတ်ကြပြီး ဗုဒ္ဓဘာသာသည် ၃၁ ရာခိုင်နှုန်းဖြင့် အကြီးဆုံးအုပ်စုဖြစ်ပါတယ်။

ထိုင်ဝမ်သည် လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုသည့် တစ်ခုတည်းသော အာရှနိုင်ငံဖြစ်ပါတယ်။

 ဗီယက်နမ်တွင် လိင်တူစုံတွဲများကို ပုံဆောင်လက်ထပ်ပွဲများ ပြုလုပ်ခွင့်ပြုပေမယ့် လက်ထပ်ခြင်းကို အသိအမှတ်မပြုပေ။ 

ဟောင်ကောင်သည် လိင်တူချစ်သူထိမ်းမြားခြင်းကို ခွင့်မပြုပေမယ့် လိင်တူချစ်သူတွေကို မှီခိုနေတဲ့ ဗီဇာနဲ့ သူတို့ရဲ့အိမ်ထောင်ဖက်တွေကို ပြည်တွင်းသို့ ခေါ်ဆောင်နိုင်ရေးအတွက် ခွင့်ပြုပေးထားပါတယ်။ 

မြန်မာ၊ မလေးရှား၊ စင်္ကာပူနှင့် ဘရူနိုင်းတို့ကတော့ လိင်တူသူများကြား လိင်ဆက်ဆံမှုကို တားမြစ်ပိတ်ပင်သော စည်းမျဥ်းဥပဒေများကို ထုတ်ပြန်ထားသော အာရှ နိုင်ငံများဖြစ်ပါတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.