လန်ဒန် ၊ ဇူလိုင် (၂၉)

အမေရိကန်ပြည်ထောင်စုနှင့် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေပေမယ့် အထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်တနီဂရီနာကို ရုရှားလက်နက်ရောင်းဝယ်သူ ဗစ်တိုဘောက်တ်နဲ့ လဲလှယ်ရန် သဘောတူညီချက်မရှိဘူးလို့ ရုရှားနိုင်ငံက ဇူလိုင် ၂၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ခ်က “ဒီအပိုင်းမှာတော့ အခုအချိန်အထိ သဘောတူညီချက်တွေ မရှိသေးပါဘူး” လို့ ပြောဆိုခဲ့တာပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အကျဉ်းသား လဲလှယ်ရေးဆိုင်ရာ ဆွေးနွေးမှုများသည် အချိန်အတော်ကြာ ပြုလုပ်ခဲ့ပေမယ့် ရလဒ် မထွက်ခဲ့ဘူးလို့ ဆိုပါတယ်။

ရုရှားမှာ ထိန်းသိမ်းခံထားရသော အမေရိကန် မရိန်းတပ်သားဟောင်း နှင့် ဘတ်စကတ်ဘောကြယ်ပွင့် ဂရီနာတို့ကို လွှတ်ပေးရန် မော်စကိုအား လေးလေးနက်နက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က မှတ်ချက်ပြုတုံ့ပြန်ခဲ့ပါတယ်။ 

“နှစ်နိုင်ငံပိုင်နက်မှာ ထိန်းသိမ်းခံထားရတဲ့ ရုရှားနဲ့ အမေရိကန် နိုင်ငံသားတွေ အပြန်အလှန် ဖလှယ်ရေးကိစ္စကို ရုရှားနဲ့ အမေရိကန် သမ္မတတွေက တစ်ချိန်တည်းမှာ ဆွေးနွေးခဲ့ပါတယ်” လို့ ရုရှားနှင့် မတွေ့ဆုံမီ စကားပြောဆိုမှုများကို ရည်ညွှန်းကာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။  

“ညှိနှိုင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကို ညွှန်ကြားထားတယ်။ ဒါတွေကို အရည်အချင်းရှိတဲ့ ဌာနတွေက ဆောင်ရွက်နေတယ်။ တိကျတဲ့ ရလဒ်တော့ မရသေးဘူး။” လို့ ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားကို ထည့်သွင်း ညှိနှိုင်းရန် လိုအပ်ကြောင်း သူကဆိုပါတယ်။ 

သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်မှာ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတဲ့ ရုရှားလက်နက်ကုန်သည် ဘောက်ခ်ကို အမေရိကန်က လဲလှယ်ရန် ဆန္ဒရှိကြောင်း အခြေအနေနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။  

မော်စကိုမှဘောက်ခ် ကို မရိန်းတပ်သားဟောင်းအတွက် လဲလှယ်မှု တစ်စိတ်တစ်ပိုင်းဖြစ်လိုသည်ဟု ယုံကြည်ကြောင်း မရိန်းတပ်သားဟောင်း  ရုရှားရှေ့နေတစ်ဦးက ယခင်က ပြောကြားခဲ့ဖူးပါတယ်။ 

မော်စကိုမြို့ရှိ လေဆိပ်တစ်ခုတွင် ဖေဖော်ဝါရီလအတွင်းက သူမ၏ ခရီးဆောင်အိတ်အတွင်း ဆေးခြောက်ဆီပါသည့် vape အတောင့်များနှင့်အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဂရီနာသည် မူးယစ်ဆေးဝါးစွဲချက်များအတွက် နောက်ဆုံးကြားနာစစ်ဆေးမှုကို ဗုဒ္ဓဟူးနေ့ တရားခွင်မှာ ရှိနေခဲ့ပါတယ်။  နောက်တစ်ကြိမ် ကြားနာမှုကိုတော့ သြဂုတ် ၂ ရက်သို့ ထပ်မံချိန်းဆိုထားခဲ့တယ်လို့ သိရပါတယ်။ 

မရိန်းတပ်သားဟောင်းကို သူလျှိုလုပ်မှုဖြင့် ရုရှားက ၂၀၂၀ ခုနှစ်မှာ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ပြီး သူလျှိုလုပ်ခြင်းနှင့် စစ်ဆင်ရေးတစ်ခုမှာ ထူထောင်ထားသည်ဆိုတာကိုတော့ အဆိုပါ တပ်သားဟောင်းက ငြင်းဆိုထားတယ်လို့ သိရပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.