ကံပေါက်၊ ဇူလိုင် ၂၉
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ လူငယ်တွေဟာ ဇူလိုင် ၂၈ ရက်နေ့ ညဦးပိုင်းက ထားဝယ်ပင်မသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသူတွေအတွက် ၁၇ လပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ထားဝယ်ပင်မသပိတ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းခံရတာကြောင့် ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုလွင်ကိုဦးနဲ့ ကိုဗညားအောင်တို့ ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူနဲ့ အဖမ်းခံရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
သတင်း-သံလွင်တိုင်းမ်