ဝါရှင်တန် – ဇူလိုင်(၂၉) 

အမေရိကန်နိုင်ငံအတွင်းက ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့ပြည်သူ(၃) သောင်းကျော်နဲ့ ပြည်နယ်(၁၁) ပြည်နယ်က စီးပွားရေးလုပ်ငန်းတွေအတွက်မြန်နှုန်းမြင့် အင်တာနက် ထောက်ပံ့ ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ (၄၀၁) မီလျံ အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ 

အဲ့ဒီအစီအစဉ်မှာ ဝက်ဘ်ဆိုဒ်ပလက်ဖောင်တွေကို လက်လှမ်းမီအသုံးပြုနိုင်ဖို့အတွက် အစိုးရရဲ့ အစိတ်အပိုင်းအဖြစ်ပါဝင်တာပါ။

“ကျွန်ုပ်တို့က ဒီငွေတွေနဲ့အတူ လူတိုင်းအတွက် သင့်တော်ပြီး ယုံကြည်စိတ်ချရသော အင်တာ နက်ဖြစ်စေရေး သမ္မတဘိုင်ဒန်၏ ဦးတည်ရည်ရွယ်ချက် ကို နီးစပ်ဖို့ တစ်လှမ်းပိုတိုးသွားတာ ဖြစ်တယ်” လို့ အခြေခံအဆောက်အအုံ ချိတ်ဆက်ဆောင်ရွက်သူ မစ်ချ်လန်ဒရူးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

အမေရိကန်ဒုတိယသမ္မတ ကမ်မာလာဟားရစ်ကလည်း ဝင်ငွေနည်းပါတဲ့ လူမှုအစုအဖွဲ့တွေ ကို ဒေါ်လာဘီလျံနဲ့ချီရင်းနှီးမြှုပ်နှံကြဖို့ ဆောင်ရွက်ထားတဲ့ ကုမ္ပဏီနဲ့ ဖောင်ဒေးရှင်းတွေပါဝင်တဲ့ စီးပွားရေးအခွင့်အလမ်းညွှန့်ပေါင်းအဖွဲ့ရဲ့ အချက်အလက်တွေကို ကြေညာဖို့ နယူးယောက်မြို့ ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ 

အိမ်ဖြူတော်ရဲ့ ပြောဆိုချက်အရ ဒီအစုအဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ အရောင်အသွေးစုံလင်ပြီး အာရုံစုစည်းမှုရဲ့ မျက်ကွယ်မှာရှိနေတဲ့ လူမှုအစုအဖွဲ့တွေအတွက် စီးပွားရေးဆိုင်ရာ ကွဲပြားခြား နားချက်တွေကို လျှော့ချပြီး စီးပွားရေးအခွင့်အလမ်းတွေကို မြှင့်တင်ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ 

ချေးငွေ လျှောက်ထားမှု ရန်ပုံငွေတွေပါဝင်တဲ့ ဒေါ်လာ (၄၀၁) မီလျံကို Reconnect Programme က ပေးအပ်တာဖြစ်ပြီး အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန(United States Department of Agriculture – USDA) ကလည်း ရန်ပုံငွေပါဝင်ထားပါတယ်။ 
မြန်နှုန်းမြှင့်အင်တာနက်စီမံကိန်းကို အလက်စကာ၊အရီဇီုနာ၊ အာကန်ဆက်စ်၊ကယ်လီဖိုးနီးယား၊ ကိုလိုရာဒို၊အီဒါဟို၊မွန်တာနာ၊နယူးမက်ဆီကို၊နီဗာဒါ၊ မြောက်ပိုင်းဒါကိုတာနဲ့ တက်ဆက်ပြည်နယ် တွေမှာ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (United States Department of Agriculture – USDA) က ပြောဆိုထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.