July 26, 2022

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့တော်လှန်ရေး အရှိန်အဟုန် မြှင့်မယ်လို့ NUG ဆို

မော်လမြိုင် – ဇူလိုင်(၂၆) စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုတို့ကို တရားဥပဒေအရ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ပြီး တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ပုံမှန်ကျင်းပနေကျ Cabinet အစည်းအဝေးကို ရပ်နားပြီး နိုင်ငံတော် ယာယီသမ္မတ ဦးဆောင်တဲ့ အရေးပေါ်အစည်းအဝေးကို ဒီနေ့ ဇူလိုင်လ (၂၆) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြတာပါ။ “ကြေညာချက်တွေ၊အစည်းအဝေးတွေရဲ့ နောက်မှာ…

စစ်ကောင်စီရဲ့ ဥပဒေမဲ့ သေဒဏ်စီရင်မှုအပေါ် MSICC ကန့်ကွတ်ရူတ်ချ

မော်လမြိုင် ၊ ဇူလိုင် ၂၆ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ဥပဒေမဲ့ လူမဆန်စွာ သေဒဏ်စီရင် သတ်ဖြတ်လိုက်တဲ့အပေါ် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံပိုင် သတင်းစာကနေ ထုတ်ပြန်ချက်အရ သေဒဏ်စီရင်ခံရသူ…

ဖမ်းဆီးခံရပြီး (၂၄) နာရီအတွင်း NLD ပါတီဝင်တစ်ဦး စစ်ကြောရေးမှာ အသတ်ခံရ

ရန်ကုန် – ဇူလိုင်(၂၆) ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးပြီး (၂၄) နာရီအတွင်း စစ်ကြောရေးမှာ အသတ်ခံလိုက်ရတယ်လို့ ရန်ကုန်တိုင်း NLD ပါတီဒုတိယဥက္ကဌ ဒေါက်တာဘိုင်အိုက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လူမှုကူညီရေးသမားတစ်ဦးဖြစ်တဲ့ အသက်(၄၅) နှစ်အရွယ် ကိုလှထူးကို ဇူလိုင်လ(၂၄) ရက်နေ့ ည(၁၁) နာရီဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဇူလိုင်လ(၂၅)…

သေဒဏ်စီရင်ပြီး ရုပ်အလောင်း ပြန်မပေးတာ ထောင်အာဏာပိုင် ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြော

နေပြည်တော် ၊ ဇူလိုင် (၂၆) ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ပြီးနောက် ရုပ်အလောင်း ပြန်မပေးတာဟာ ထောင်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောဆိုခဲ့တာပါ။ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သေဆုံးသူတွေရဲ့…

ဇေယျာသော်စစ်ဆင်ရေးအဖြစ် ပေါက်က စစ်ကောင်စီလက်ပါးစေ(၇) ဦးကိုပစ်ခတ်ရှင်းလင်း

ပေါက် – ဇူလိုင်(၂၆) မကွေးတိုင်းပေါက်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ တပ်ကုန်ကျေးရွာကို ဒေသကာ ကွယ်ရေးတပ်တွေက ဇေယျာသော်စစ်ဆင်ရေးအဖြစ်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါး စေ(၇) ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ Young Revolution Front ကာကွယ်ရေးတပ်က သံလွင်တိုင်းမ် ကို ပြောပါတယ်။ စစ်ကောင်စီက ကြိုးပေးစီရင်ခဲ့တဲ့ ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုသူရဇော်နဲ့ ကိုလှမျိုးအောင်တို့ အတွက် လက်တုန့်ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ကာကွယ်ရေးအဖွဲ့ရှစ်ဖို့ပေါင်းပြီးတိုက်တာ။ သူတို့စခန်းချထားတဲ့တပ်ကုန်းရွာကိုတိုက်တာပါ။ ကျွန်တော်တို့ကလက်နက်ချဖို့မပြေးဖို့ပြောတယ်။…

ဘန်ကောက်မြို့ရှိ BTS Green Line စီးနင်းခကို ဩဂုတ်လမှ စတင်ကောက်ခံမည်ဟု မြို့ တော်ဝန် ချတ်ချာ ပြောကြားခဲ့

ဘန်ကောက် ၊ ဇူလိုင် (၂၆) ဘန်ကောက်မြို့ရှိ တိုးချဲ့ BTS Green Line စီးနင်းသည့် ခရီးသည်များအနေဖြင့် လာမည့်လမှ စတင်ကာ ယာဉ်စီးခ စတင်ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ဝန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ မြို့တော်ဝန်ဝန်သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး (BMA) ကုမ္ပဏီ Krungthep Thanakom နှင့် Bangkok Mass Transit System (BTSC)…