ကိုလံဘို – ဇူလိုင်(၂၂) 

ဝါရင့်နိုင်ငံရေးသမား ရမ်နေးဝစ်ရာမ်မီစင်ဂါဟာ ပါလီမန်မှာ မဲအပြတ်အသတ်အနိုင်ရပြီးနောက် သီရိလင်္ကာနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ဇူလိုင်လ(၂၁) ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး စီးပွား ရေးအကြပ်အတည်းတွေကလွတ်မြောက်ဖို့ အတူတကွပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းခဲ့ပါတယ်။

လူထုဆန္ဒပြပွဲတွေကြောင့် သီရိလင်္ကာနိုင်ငံကထွက်ပြေးပြီးရာထူးကနှုတ်ထွက်ခဲ့တဲ့ ဂိုတာဘာ ယာ ရာဂျာပတ်ဆာနေရာကို ဆက်ခံခဲ့တာဖြစ်ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲမှာတော့ နိုင်ငံရဲ့တရား ရေးချုပ်က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တာပါ။ 

လူဦးရေ(၂၂) သန်းရှိတဲ့ ကျွန်းနိုင်ငံဟာ ပြင်းထန်တဲ့ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး လောင်စာဆီ၊စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပါအဝင် မရှိမဖြစ်လိုအပ် တဲ့ ပစ္စည်းတွေနဲ့ နိုင်ငံခြားငွေပြတ်လပ်မှုအထိရင်ဆိုင်နေရပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က သီရိလင်္ကာနိုင်ငံဟာ ဒီဇယ်ဆီထောက်ပံ့မှုအသစ်ရရှိခဲ့ပြီး နိုင်ငံပိုင် အဓိက ဖြန့်ဖြူးသူ Ceylon Petrolem Corporation က ဇူလိုင်လ(၂၁) ရက်နေ့က စတင်ပြီး ခွဲတမ်းစနစ်နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ 

ဝစ်ရာမ်မီစင်ဂါကို တချို့သော ကဏ္ဍတွေမှာ လူကြိုက်မများပေမယ့် ရာဂျာပက်ဆာကို သမ္မတ ရာထူးက နှုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြလှုပ်ရှားမှုတွေပြီးဆုံးချိန်မှာ လူထုဟာ အသံတိတ် နေခဲ့ပါတယ်။ 

ကိုလိုနီခေတ်အဆောက်အအုံဖြစ်တဲ့ သမ္မတနဲ့ ဝန်ကြီးချုပ်ရဲ့ တရားဝင်နေအိမ်တွေကို ဒီလ အစောပိုင်းက ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဇူလိုင်လ(၂၁) ရက်နေ့မှာတော့ သမ္မတရုံးအပြင်ဘက်မှာ ဆန္ဒပြသူလူအနည်းငယ်သာရှိပါတော့တယ်။ 

“တိုင်းပြည်လိုအပ်နေတာက စနစ်တစ်ခုလုံး လုံးဝပြောင်းလဲဖို့လိုအပ်တာကြောင့် ငါတို့လက် လျှော့မှာမဟုတ်ဘူး၊ “ဒီလို အကျင့်ပျက်နိုင်ငံရေးသမားတွေကို ဖယ်ရှားပစ်ချင်ဒါဘဲ” လို့  အတွင်းရေးမှူးရုံးက ဆန္ဒပြသူ ပရာတီဘာဖာနန်ဒိုက ပြောပါတယ်။ 

ရာဂျာပက်ဆာလက်ထက်မှာ ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် အစောပိုင်းက တာဝန် ထမ်းဆောင်ခဲ့တဲ့ ဝစ်ရာမ်မီစင်ဂါဟာ ဒေါ်လာ(၃) ဘီလျံအထိ တန်ကြေးရှိတဲ့ အာမခံ အစီအစဉ် အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) နဲ့ ညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ 

ဒါ့အပြင် သီသိလင်္ကာနိုင်ငံအနေနဲ့ အိမ်နီးချင်း အိန္ဒိယ၊တရုတ်နဲ့ တခြားသော နိုင်ငံတကာမိတ် ဖက်နိုင်ငံတွေကနေ အကူအညီတွေရှာဖွေနေတယ်လို့ သိရပါတယ်။

“ကျွန်တော်ကရာဂျာပက်ဆာရဲ့ သူငယ်ချင်းမဟုတ်ပါဘူး။ ကျွန်တော်ဟာ လူတွေရဲ့ မိတ်ဆွေပါ” လို့ သမ္မတသစ်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.