သထုံ ၊ ဇူလိုင် (၂၂)

 
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မိုင်းခွဲခံရတာကြောင့် အဆောက်အဦး အနောက်ဘက်ခြမ်း ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


အဲဒီ အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူ ၂ ဦးက လာရောက် မိုင်းထောင်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။

 
အဲဒီအုပ်ချုပ်ရေးမှူးရုံး မိုင်းထောင် ဖောက်ခွဲခံရပေမယ့် လူထိခိုက် ဒဏ်ရာရတာတော့ မရှိသလို အဆောက်အဦး အနောက်ဘက်ခြမ်းမှာ ပြိုကျပျက်စီးခဲ့တာပါ။


အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီဘက်က မြို့ပေါ် ရပ်ကွက်တချို့မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 
စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


သထုံမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို ဗုံးပေါက်ကွဲတွေ ဖြစ်ပေါ်ခဲ့ပေမယ့် သထုံမြို့မဈေး ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ ကာလအတန်ကြာ မရှိတော့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.