ဝလင်တန်၊ ဇူလိုင် (၂၂)

ဘာလီကျွန်းရှိ ခရီးသွားအပန်းဖြေစခန်းတွ မကြာသေးမီက အင်ဒိုနီးရှား ခရီးသွားအပန်းဖြေစခန်း ဘာလီကျွန်းမှာ မကြာသေးမီက ခြေနှင့်ခံတွင်းရောဂါ (FMD) ကို တွေ့ရှိပြီးနောက် ကာကွယ်ရန် အစီအမံများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း နယ်စပ်မျဥ်းနီးကပ်လျှက်ရှိသော နယူးဇီလန်က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

“FMD သည် ဘာလီရဲ့ ခရီးသွားနေရာများမှာ မကြာသေးမီက တွေ့ရှိခဲ့ခြင်းနှင့်အတူ၊ လွန်ခဲ့သော ရက်သတ္တပတ်များအတွင်းက နယ်စပ်တွင် ကျွန်ုပ်တို့ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်” လို့ ဇီဝလုံခြုံရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဒါမီယန် အိုကိုနာ က ပြောကြားခဲ့ပါတယ်။

“နယူးဇီလန်နိုင်ငံရဲ့ စီးပွားရေးလုံခြုံရေးကို ကာကွယ်ဖို့အတွက် လူတိုင်းကို သတိရှိရှိ ပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်” လို့ ဆိုပါတယ်။

ခြေထောက်နှင့် ပါးစပ်ရောဂါသည် တိရစ္ဆာန်များကို ထိခိုက်စေသည့် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။

နယူးဇီလန်တွင် ဗိုင်းရပ်စ်ကူးစက်မှုသည် အဓိက နို့ထွက်ပစ္စည်း၊ အသားနီနှင့် ဝက်သားထွက်ကုန်များ တင်ပို့မှုအား လ သို့မဟုတ် နှစ်များအထိ ပြင်းထန်စွာ သက်ရောက်မှုရှိနိုင်ကြောင်း အခြေခံစက်မှုလုပ်ငန်းဝန်ကြီးဌာနမှ သိရပါတယ်။

Biosecurity New Zealand သည် ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားမှ ရောက်ရှိလာသူများနှင့် ဘာလီကို အလည်အပတ်သွားကြမယ့် ဧည့်သည်များအတွက် ဗိုင်းရပ်စ်ကို ကင်းစင်စေကာ ပိုးသတ်ပေးသည့် ဖိနပ်ကဲ့သို့ ဝတ်ဆင်နိုင်သော ကိရိယာတစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါ့အပြင် နယူးဇီလန်သည် အင်ဒိုနီးရှားကို ဗိုင်းရပ်စ်များထိန်းချုပ်နိုင်တဲ့ ကိရိယာများကို ပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.