ရှန်ဟိုင်း – ဇူလိုင်(၂၂) 

တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးစည်းမျဉ်းတင်းကြပ်ရေးအဖွဲ့ဟာ ဒေတာလုံခြုံရေးဆိုင်ရာ ဥပဒေတွေအပါအဝင် ဥပဒေချိုးဖောက်ခဲ့တယ်လို့ တစ်နှစ်ကြာစုံစမ်းစစ်ဆေးပြီးနောက် Didi Global ကုမ္ပဏီကို ယွမ် (၈.၀၂၆) ဘီလျံ(အမေရိကန်ဒေါ်လာ ၁.၁၉) ဘီလျံ ဒဏ်ကြေး ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

Didi Global ဟာ ၂၀၁၅ ခုနှစ်ဇွန်လကစတင်ပြီး (၇) နှစ်တာကာလအတွင်း သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တရားမဝင်စုဆောင်းခဲ့ပြီး အမျိုးသားလုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေတဲ့ ဒေတာစီမံဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ Cyberspace Administration of China(CAC) ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ကုမ္ပဏီတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Cheng Wei နဲ့ ဥက္ကဌ Jean Liu ကိုလည်း ဒဏ်ငွေ ယွမ်(၁) သန်းစီချမှတ်ခဲ့တယ်လို့ CAC က ပြောပါတယ်။ 

“Didi ၏ ဥပဒေနှင့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းသည် ပြင်းထန်ပြီး ပြင်းထန်စွာ အပြစ်ပေးသင့်သည်” လို့ CAC က ပြောဆိုခဲ့ပါတယ်။ 

Didi ကတော့ သူတို့ရဲ့ Weibo အကောင့်မှာ CAC ရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး ပြီးပြည့်စုံတဲ့ မိမိကိုယ်ကို စစ်ဆေးမှုနဲ့ ပြုပြင်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်ဇွန်လနှောင်းပိုင်းက ကုမ္ပဏီစာရင်းသွင်းပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ Cyberspace Administration ဟာ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာဖြစ်ပါတယ်။ 

ဒီစုံစမ်းစစ်ဆေးမှုကို စတင်ချိန်ကစပြီး ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာတွေကို ရပ်တန့်ထားဖို့ အတွက်လည်း ဥပဒေထုတ်ပြန်သူက ပြောဆိုထားပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.