ကျိုက်ထို ၊ ဇူလိုင် (၂၁)

 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပို့ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဆိုင်ကယ်တက္ကစီသမား ၂ ဦးအပါအဝင် ၆ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ရှမ်းဈေးအရှေ့ ကားဝင်းမှာ ကားထိုင်စောင့်နေတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ကွင်းဆက်အနေနဲ့  နောက်ထပ်လူငယ် ၂ ဦးကို ထပ်မံ ဖမ်းဆီးခဲ့တာပါ။


ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ နေ့လည်ပိုင်းက ကျိုက်ထိုမြို့၊ Golden Bliss Hotel အရှေ့မှာ ကွမ်းယာဝယ်နေတဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထပ်မံဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။


ဖမ်းဆီးခံရတဲ့ အဒီလူငယ် ၃ ဦးဟာ မိုးဘောကျေးရွာနေ ဆိုင်ကယ် တက္ကစီမောင်းသူ ကိုအောင်မျိုးမင်းနဲ့ ကိုသီဟ အပါအဝင် သူငယ်ချင်း ၃ ဦးတို့ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

 
ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီဘက်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။


စစ်ကောင်စီထောက်ခံအားပေး တယ်လီဂရမ်အကောင့်တချို့မှာတော့ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ KNLA တပ်မဟာ(၁)တပ်ရင်း ၃ မှာ ဒရုန်းသင်တန်းတက်မယ့်သူတွေနဲ့ PDF ထောက်ပို့ လူငယ်တွဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.