A soldier stands guard along a road as security forces search for protesters, who had been taking part in a demonstration against the military coup, in Yangon on May 7, 2021. (Photo by STR / AFP) (Photo by STR/AFP via Getty Images)

နေပြည်တော် – ဇူလိုင်(၂၁)

အာဏာသိမ်းဆန့်ကျင်ရေး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ကြီးမားတဲ့ မြေမြှုပ်မိုင်းတွေထောင်ထားတာဟာ မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို အခုအချိန်မှာ စစ်အစိုးရကို တန်ပြန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒါဇင်နဲ့ချီဖွဲ့စည်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းပြည်အနှံ့တိုက်ပွဲတွေနဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ 

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ ကယားပြည်နယ်ကို လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သုတေသီတွေ လာရောက်လည်ပတ်ချိန်မှာ မြေမြှုပ်မိုင်းမိပေမယ့် အသက်မသေခဲ့သူတွေ၊ သူတို့ကို ကုသ ပေးခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ စေတနာဝန်ထမ်းတွေနဲ့ မိုင်းရှင်းလင်းရေးမှာ ပါဝင်ပတ်သက် နေတဲ့ တခြားသက်ဆိုင်သူတွေကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။ 

လယ်ကွင်းတွေကို သွားတဲ့ လမ်းတွေအပါအဝင် ကျေးရွာပေါင်း(၂၀) မှာ တပ်မတော်က မြေမြှုပ် မိုင်းတွေ အသုံးပြုခဲ့တဲ့ ယုံကြည်ရလောက်တဲ့ သတင်းအချက်အလတ်တွေရှိတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။  

ဒါ့အပြင် ဘုရားကျောင်းနဲ့ ကျောင်းပုရဝဏ်ထဲတွေမှာလည်း စစ်တပ်က မိုင်းထောင်ထားတဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။ 

“စစ်သားတွေက လူတွေရဲ့ခြံတွေ၊ အိမ်အဝင်ပေါက်တွေနဲ့ အိမ်သာအပြင်ဘက်မှာ မြေမြှုပ်မိုင်း တွေ ချထားပြီး မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်တစ်ခုမှာတော့ စစ်သားတွေဟာ ဝါယာ ကြိုးနှင့် ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အိမ်လှေကားထစ်ကို ထောင်ချောက်ဗုံးတွေ စင်ထားခဲ့ပါတယ်” လို့  လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကပြောပါတယ်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့တွေဟာ တချို့နေရာတွေမှာ မိုင်းရှင်းလင်းဖို့ ကြိုးပမ်းရာမှာ ခေတ်မမှီတော့တဲ့ မိုင်းရှင်း ကိရိယာတွေနဲ့အတူ ကိုယ်လက်အင်္ဂါကို အသုံးပြုပြီး လုပ်ဆောင်နေ ရသလို ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်မှုတစ်စုံတစ်ရာ မရှိဘဲ လုပ်ဆောင်နေတာတွေ ရှိနေ တာပါ။ 

“အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတွေဟာ အချိန်နှင့်အမျှ တိုးလာမည်ကို ခါးသီးသော အတွေ့အကြုံမှ ကျွန်ုပ်တို့ သိခဲကြပြီး လူများကိုလည်း မိုင်းအန္တရာယ်ကြောင့် သူတို့ရဲ့ နေရပ်နှင့် လယ်ယာမြေများသို့ မပြန်ကြဖို့ ပိတ်ဆို့ထားပြီ” လို့ (AI) အဖွဲ့ရဲ့ ပဋိပက္ခဆိုင်ရာအကြီးတန်း အကြံပေး ရော်ယာက ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ လူသတ်မိုင်းအသုံးပြုမှု၊သိုလှောင်မှု ဒါမှမဟုတ် ထုတ်လုပ်မှုတို့ကို တားမြစ် တဲ့ ကုလသမဂ္ဂ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အပြင် ဆယ်စုနှစ် များစွာ ပြည်တွင်း ဋိပက္ခတွေအတွင်း စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု တွေကို အကြိမ်ကြိမ်ကျူးလွန်ထားတာလို့ စွပ်စွဲထားကြပါတယ်။ 

၂၀၁၇ ခုနှစ်ကလည်း ရိုဟင်ဂျာလူနည်းစုတွေအပေါ် စစ်ရေးအကြမ်းဖက်မှုကြောင့် ခန့်မှန်းခြေ လူပေါင်း(၇၅၀၀၀၀) ခန့်ဟာ သူတို့နဲ့အတူ မုဒိမ်းမှု၊လူသတ်မှုနဲ့ မီးရှို့မှုစတဲ့ ကျူးလွန်ထားတဲ့ မှတ်တမ်းတွေလည်း တစ်ပါတည်း သယ်ဆောင်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခဲ့ကြရပါတယ်။ 

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ မတ်လတုန်းက ကြေညာခဲ့ပြီး သူတို့ကို ဖျက်ဆီးဖို့ ကြိးပမ်း တဲ့ အထောက်အထားတွေလည်း ရှင်းရှင်းလင်းလင်းရှိတယ်လို့ ပြောပါတယ်။ 

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့မှောက်မှာ တရားစွဲဆိုခဲ့ပြီး မွတ်ဆလင် လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ ဗုဒ္ဓဘာသာ အများစု နိုင်ငံအဖြစ် ပြောဆိုခဲ့ပါတယ်။ 

နယ်သာလန်နိုင်ငံ အခြေစိုက် သည်ဟိဂ်တရားရုံးကလည်း ဒီသီတင်းပတ်နှောင်းပိုင်းမှာ မြန်မာရဲ့ ပဏမ ကန့်ကွက်မှုတွေအပေါ် စီရင်ချက်ချမှာ ဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်း ပြီး နောက် ဆန့်ကျင်ဆန္ဒပြသူတွေကို သွေးထွက်သံယိုဖြစ်အောင် အကြမ်းဖက် နှိမ်နင်းခဲ့ပြီး လူပေါင်း(၂၀၀၀) ကျော်သေဆုံးခဲ့ကာ (၁၅၀၀၀) နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်တွင်း စောင့်ကြည့်တဲ့ အဖွဲ့တခုက ထုတ်ပြန်ထားပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.