ကန်ဘာရာ – ဇူလိုင်(၂၁) 

ကိုဗစ်ကြောင့် ဆေးရုံတက်ရသူဦးရေစံချိန်တင်အဆင့်ကို နီးကပ်လာတဲ့အတွက် ဩစတြေးလျ နိုင်ငံသားတွေကို နေအိမ်တွေကပဲ အလုပ်လုပ်ဖို့ညွှန်ကြားထားပြီး အိမ်မှာ နေထိုင်ချိန်တွေမှာလဲ Mask တပ်ဆင်ထားကြဖို့ အသိပေးထားပါတယ်။ 

BA.4 နဲ့ BA.5 Omicron အမျိုးအသားခွဲတွေက စတင်လာတဲ့ ကိုဗစ်ဟာတတိယလှိုင်းကြားမှာ ရှိနေပြီး ဒီလအစောပိုင်းမှာ ကူးစက်မှုတွေမြင့်တက်လာကာ ဇူလိုင်လ(၁၉) ရက်နေ့မှာတော့ နေ့စဉ် ဖြစ်ပွားမှု (၅၀၂၄၈) ဦးအထိရှိလာပြီး နှစ်လအတွင်းအမြင့်ဆုံးဖြစ်လာခဲ့တာပါ။ 

လက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံသား (၅,၂၃၉) ဦးဟာ လက်ရှိ မှာတော့ ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေရပါတယ်။ 

“ကျွန်တော်တို့ အချိန်တိုအတွင်း ခြားနားတဲ့ အရာတစ်ချို့ကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ သြစတြေးလျ ဆေးဘက်ဆိုင်ရာ အရာရှိချုပ် က ပြောပါတယ်။ 

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်းနီစ့် ပါဝင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ကနေ အလုပ်လုပ်တာဟာ ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ ကိစ္စဖြစ်ပြီး တချို့ လူတွေ အတွက်တော့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပြုထားပါတယ်။ 

“စီးပွားရေးလုပ်ငန်းတွေက အဲဒီဆုံးဖြတ်ချက်တွေကို ဆက်ပြီးလုပ်မှာပါ။ သူတို့က သူတို့ကို ဘေးကင်းအောင် လုပ်ရမယ်။ ဒါပေမယ့်လည်း တချို့လူတွေအတွက်၊ သူတို့ အိမ်ကနေ အလုပ် လုပ်လို့မရဘူးဆိုတာကို အသိအမှတ်ပြုဖို့ လိုပါတယ်” လို့ အယ်လ်ဘန်းနီစ့်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Sydney Morning Herald ကပြောခဲ့ပါတယ်။ 

ဩစတြေးလျဟာ ပြီးခဲ့တဲ့ နှစ်အကုန်ပိုင်းက ကိုဗစ်နဲ့ ပတ်သက်တဲ့ တင်းကြပ်ထားတဲ့စည်းမျဉ်း တွေကို စတင်ဖြေလျှော့ပေးခဲ့ပြီး လူဦးရေးအများစုဟာလည်း ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးချိန်မှာ အိုမီခရွန် မျိုးကွဲတွေရဲ့ ကူးစက်မှုမြင့်မားလာခဲ့ပြီး အဲ့ဒီအချိန်ကတော့ ဗိုင်းရပ်စ် နဲ့အတူ နေထိုင်ခြင်းဆိုတဲ့ အစီအစဉ်ကို စမ်းသပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အပါတ်အတွင်း ရောဂါဖြစ်ပွားမှု (၃)သိန်းကျော်ကို မှတ်တမ်းတင်ထားပြီး သူနာပြု တွေနဲ့ ဆရာဝန်တွေဟာ လူနာများပြားလာတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ အခက်တွေ့ နေရပြီး ဖျားနာလူနာနဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ လူနာတွေကို သီးခြားခွဲထားရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဩစတြေးလျဟာ ကိုဗစ်ကြောင့် သီးသန့်ခွဲထားရမယ့် ကျပန်းအလုပ်သမားတွေအတွက် ထောက်ပံ့ကြေးတွေကို ပြန်လည်ပေးအပ်ထားပေမယ့် အာဏာပိုင်တွေက နေအိမ်မှာ နေထိုင် ချိန်မှာလည်း Mask တပ်ဆင်ထားဖို့ အကြံပြုထားပေမယ့် မြေပြင်မှာ လိုက်နာဖို့ ပျက်ကွက် နေပါ တယ်။ 

အသက်(၁၆) နှစ်ကျော် ဩစတေးလျမှာ နေထိုင်သူ (၉၅) ရာခိုင်နှုန်းဟာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖူးပြီး(၇၀) ရာခိုင်နှုန်းကျော်ကတော့ ပြင်းထန်ဖျားနာမှုတွေကို ကာကွယ်ပေးတဲ့ အားဖြည့်ဆေးအထိ ထိုးနှံထားကြပါတယ်။ 

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.