July 21, 2022

ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးဖို့ တောင်းဆိုချက်ကို အင်ဒိုနီးရှားတရားရုံး ပယ်ချ

ဂျာကာတာ ၊ ဇူလိုင် (၂၁) ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာအတွက် တရားဝင်ခွင့်ပြုမည့် မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို တရားသူကြီး ကိုးဦးရဲ့ ခုံရုံးက ဆုံးဖြတ်ချက်ဖြင့် ဇူလိုင် ၂၀ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကျောထောက်နောက်ခံပေးထားသော ဦးနှောက်ချို့ယွင်းတဲ့ ရောဂါခံစားနေရတဲ့ ကလေးတွေရဲ့ မိခင်သုံးဦးဟာ နိုင်ငံရဲ့တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဥပဒေအား တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုကို ၂၀၂၀ ခုနှစ်မှာ…

ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာတာကြောင့် ဩစတြေးလျမှာ Work from Home ပြန်လည် ပြုလုပ်

ကန်ဘာရာ – ဇူလိုင်(၂၁) ကိုဗစ်ကြောင့် ဆေးရုံတက်ရသူဦးရေစံချိန်တင်အဆင့်ကို နီးကပ်လာတဲ့အတွက် ဩစတြေးလျ နိုင်ငံသားတွေကို နေအိမ်တွေကပဲ အလုပ်လုပ်ဖို့ညွှန်ကြားထားပြီး အိမ်မှာ နေထိုင်ချိန်တွေမှာလဲ Mask တပ်ဆင်ထားကြဖို့ အသိပေးထားပါတယ်။ BA.4 နဲ့ BA.5 Omicron အမျိုးအသားခွဲတွေက စတင်လာတဲ့ ကိုဗစ်ဟာတတိယလှိုင်းကြားမှာ ရှိနေပြီး ဒီလအစောပိုင်းမှာ ကူးစက်မှုတွေမြင့်တက်လာကာ ဇူလိုင်လ(၁၉) ရက်နေ့မှာတော့ နေ့စဉ် ဖြစ်ပွားမှု (၅၀၂၄၈)…

မြန်မာစစ်တပ်က မြေမြှုပ်မိုင်းအသုံးပြုတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ (AI) အဖွဲ့ ပြောဆို

နေပြည်တော် – ဇူလိုင်(၂၁) အာဏာသိမ်းဆန့်ကျင်ရေး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်သားတွေဟာ ကြီးမားတဲ့ မြေမြှုပ်မိုင်းတွေထောင်ထားတာဟာ မြန်မာစစ်တပ် အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို အခုအချိန်မှာ စစ်အစိုးရကို တန်ပြန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒါဇင်နဲ့ချီဖွဲ့စည်းမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းပြည်အနှံ့တိုက်ပွဲတွေနဲ့ ပျက်ဆီးဆုံးရှုံးမှုတွေ…