ပေကျင်း – ဇူလိုင်(၂၀)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ အနေနဲ့ လာမယ် လမှာ ထိုင်ဝမ်ကျွန်းကို သွားရောက်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံအစိုးရက လာရောက်လည်ပတ် ရင်ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ 

ပီလိုစီနဲ့ သူမရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှား၊ဂျပန်၊မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေနဲ့ အမေရိကန်-အင်ဒို ပစိဖိတ်ဒေသ ကွပ်ကဲမှုဌာနချုပ်ဟာဝိုင်အီကို သွားရောက်လည်ပတ်မှာဖြစ် တယ်လို့ နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး Financial Time သတင်းဌာနက ဖော်ပြ ထားတာပါ။ 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ အချက်အလက် တွေမရရှိသေးဘူးလို့ ပြောဆိုထားပါတယ်။ 

သူမဟာ ဧပြီလက ထိုင်ဝမ်ကို မသွားခင်ကိုဗစ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပြီး ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးရွာစွာ ထိခိုက်နိုင်တယ်လို့ တရုတ်ဘက်က သတိပေးထားပါတယ်။ 

“အမေရိကန်ဘက်က ဒီလမ်းစဉ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမယ်ဆိုရင် တရုတ်နိုင်ငံ ဟာ သူ့ရဲ့နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အခိုင်အမာကာကွယ်ဖို့ ပြတ် ပြတ်သားသား ဆောင်ရွက်သွားမှာ ဖြစ်တယ်၊ အမေရိကန်အနေနဲ့ ဒီလိုဖြစ်ရတဲ့ အကျိုးဆက် တွေအတွက် အပြည့်အဝ တာဝန်ရှိပါတယ်” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်ဟာ ဖိအားပေးတာတွေ တိုးမြင့်လုပ်ဆောင်လာနေပြီး ဒီပြဿနာတွေကြောင့် တရုတ်-အမေရိကန် ကြားဆက်ဆံ ရေးတွေတင်းမာနေကြပါတယ်။ 

တရုတ်နိုင်ငံကို ကာလရှည် ဝေဖန်မှုတွေလုပ်ခဲ့တဲ့ ပီစီလိုဟာ ဇန်နဝါရီလတုန်းက ဟွန်ဒူးရပ်စ် နိုင်ငံကို အလည်အပတ်ရောက်ရှိချိန်မှာ ထိုင်ဝမ်ဒုသမ္မတ နဲ့ အွန်လိုင်းမှာ တွေ့ဆုံခဲ့ပါသေးတယ်။ 

အိမ်ဖြူတော်အနေနဲ့ သူမရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေသလို အမေရိကန်အစိုးရ အဖွဲ့အတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ 

တရုတ်နိုင်ငံဟာ အမေရိကန် အထက်လွှတ်တော်အမတ် ရစ်ခ်စကော့ တိုင်ပေကို အလည်အပတ် ရောက်ရှိချိန်တုန်းကလည်း ရန်စမှုတွေကို သတိပေးတဲ့အနေနဲ့ ထိုင်ဝမ်ရေလက်ကြားကို တိုက် ခိုက်ရေးလေယာဉ်တွေစေလွှတ်ခဲ့ပါသေးတယ်။ 

တရုတ်က အမေရိကန်ရဲ့ ခန့်မှန်းခြေ ကန်ဒေါ်လာ(၁၀၈) သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ နည်းပညာ အကူအညီတွေထိုင်ဝမ်ကို ရောင်းချမယ့် အလားအလာကို ချက်ချင်းဖျက်သိမ်း ဖို့ တောင်းဆိုခဲ့ပြီးနောက် ပီစီလိုရဲ့ ဩဂုတ်လအလည်အပတ်ခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါ တယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.